43

6.7K 598 50
                                    

[လမ်းခွဲပြီး နှစ်နှစ်နဲ့ ငါးလ ပြည့်သည့်နေ့]

...

ကျွန်မတို့နှစ်ယောက် အချစ်တွေဖြစ်ပေါ်ခဲ့ကြတဲ့ ဆောင်းဆိုတဲ့ ရာသီကိုတောင် ရောက်လာခဲ့ပြန်ပြီ။အရင်ကလို နွေးထွေးတဲ့ ရင်ခွင် မရှိတော့ပြီမို့ သူများတွေအတွက် ဒီဆောင်းဟာ အေးနိုင်ကောင်း အေးနေပါလိမ့်မယ်။ကျွန်မအတွက်တော့ သဲကန္ခာရက နွေဦးရဲ့အလယ်ကိုရောက်နေသလိုပါပဲ။

နှလုံးသားထဲ အမြစ်တွယ်နေတဲ့ လူတစ်ယောက်ကို သတိမရချင်ယောင်ဆောင်ပြီး မေ့ပစ်နိုင်ဖို့အတွက် အချိန်ဘယ်လောက်ယူရမယ်လို့ထင်သလဲ။၂နှစ်နဲ့ ၅လ ဆိုတဲ့အချိန်ဟာ လူတစ်ယောက်ကို သတိမရမိအောင် ခဏတဖြုတ် မေ့ပစ်လိုက်နိုင်ဖို့အတွက် လွယ်ကူတယ်လို့ ထင်ပါသလား။ကျွန်မအတွက်တော့ နောင်ဘဝတွေအထိ မမေ့ပစ်ဖို့ စဉ်းစားထားတယ်။

ခန္ဓာကိုယ်ဟာ အခွံကြီးသက်သက်ပါပဲ။ပျော်ရွင်မှုတွေ၊ဝမ်းနည်းမှုတွေ၊စိတ်ဓာတ်ကျတာတွေ ဘာဆိုဘာမှမခံစားမိတော့တဲ့ ဒီခန္ဓာကိုယ်နဲ့ ကျွန်မပါပဲ။

ကျွန်မရဲ့ စိတ်ဝိညာဉ်အစုံကို Ruby ရှိရာဆီ အပြီးအပိုင် စေလွှတ်ထားလိုက်တယ်။သူ့ဆီကလွဲပြီး ဘယ်သူ့ဆီကိုမှ မရောက်တော့မယ့်အတူတူ စိတ်တွေရော နှလုံးသားတစ်စုံကိုပါ Ruby ထံ အပြီးအပိုင် အပ်နှင်းထားလိုက်တယ်။

အင်း သူကောင်းကောင်း နေထိုင်နေတာပဲ။ကျွန်မ မဟုတ်တဲ့ မိန်းမတစ်ယောက်ကို ဘေးမှာထားရင်း ရယ်မောပျော်ရွင်နေတာပဲ။ရှင့်ရဲ့ ပျော်ရွင်နေမှုမှာ ကျွန်မ မပါဘူးဆိုရင်တောင် ရှင့်ကိုတော့ အမြဲပျော်ရွင်နေစေချင်တယ်။ဒါ ကျွန်မရဲ့အတ္တမို့ ရှင်ဖြည့်ဆည်းပေးရမယ်။

ကိုယ့်ကိုယ်ကိုယ် နာနာကျင်ကျင်နဲ့ပြုံးလိုက်မိတယ်။ကျွန်မကသာ အရူးတစ်ယောက်ဖြစ်နေခဲ့တာပါ။ထားခဲ့တာလဲ ကျွန်မပဲ။ပြန်လိုချင်တာလဲ ကျွန်မပဲ။သူ့ကိုပျော်ရွင်အောင် ထားပေးနေတဲ့သူကို မနာလို ဖြစ်မိနေတာလဲ ကျွန်မပဲ။ဘယ်လောက်တောင်မှ မုန်းဖို့ကောင်းလိုက်သလဲ။

ထားခဲ့ပေမယ့်လည်း တွန်းထုတ်ခဲ့ပေမယ့်လည်း ကျွန်မရဲ့ယုံကြည်ချက် ခပ်ရေးရေးလေးနဲ့ ဆက်ပြီးတော့ အသက်ရှင်နေလို့ရတယ်မလား Ruby.

Dear ruby,back to meDonde viven las historias. Descúbrelo ahora