" ရောက်ပြီလား Jen na "
" ဟုတ်ကဲ့ halabeoji (အဘိုး) "
"လာလေ ဧည့်ခန်းထဲသွားရအောင်။မြေးရဲ့အဘွားလဲစောင့်နေတယ် "
အိမ်တော်ရှေ့ ထွက်စောင့်နေတဲ့ halabeoji အနောက်ကနေ လိုက်ခဲ့လိုက်ပြီး ဧည့်ခန်းထဲရောက်သည့်အခါ
"Jen na လာပါဦးမြေးရဲ့။ဘွားဘွားက လွမ်းနေတာကို ငါ့မြေးက လာတောင်မတွေ့ဘူးနော်"
Halmeoni (အဘွား) အနားသို့သွားကာ ပွေ့ဖက် နှုတ်ဆက်လိုက်ရင်း ဆိုဖာပေါ်သို့ ဝင်ထိုင်လိုက်သည်။
"ဘိုးဘိုး ဘာပြောမလဲဆိုတာ ငါ့မြေးသိတယ်နော်"
"ဟုတ်ကဲ့ သမီးသိပါတယ် "
"ကဲ အဲ့တာဆို ငါ့မြေးရဲ့ ဆုံးဖြတ်ချက်က "
" သမီး လက်မခံနိုင်ပါဘူး halabeoji "
"ဘာကြောင့်လဲ ခိုင်လုံတဲ့အကြောင်းပြချက်ပေး"
"သမီးမှာ ချစ်သူရှိနေပြီ။သူနဲ့လက်ထပ်ပြီး အေးချမ်းတဲ့ဘဝလေးနဲ့ဘဲနေချင်တယ်။အခုလိုတော်ဝင်မင်းသမီးဆိုတဲ့ အဆောင်အယောင်တွေကြားထဲမှာ သမီးမနေနိုင်ဘူး halabeoji "
ခေါင်းလေးငုံ့ကာ ပြောလိုက်ရင်း ဘာစကားသံမှ မကြားရတာကြောင့် မော့ကြည့်လိုက်တော့ ရေနွေးကြမ်းပန်းကန်လေးကို သက်ပြင်းတချချနှင့် သောက်နေတဲ့ halabeoji ကို မြင်လိုက်ရ၍ စိတ်ထဲမကောင်းမိ။ဂတိပေးထားပါလျက်နဲ့ မတည်နိုင်တော့လို့ အားနာနေမိတာဆိုရင် ပိုမှန်ပါလိမ့်မည်။
"ဘိုးဘိုးတို့ ငါ့မြေးကို ၂၅နှစ်လုံးလုံး လွတ်လပ်ခွင့်ပေးခဲ့ပြီးပြီနော်။ အခု ဘိုးဘိုးတို့ကို ပြန်ကြည့်ရမယ့်အချိန်ရောက်နေပြီ။ပြည်သူတွေက နောက်ဆုံးကျန်ခဲ့တဲ့ မင်းသမီးကို လိုလားနေကြပြီ။အားကိုးချင်နေကြပြီ။အခုလို ပုန်းကွယ်နေတာ မဖြစ်သင့်တော့ဘူး။ ဒါနဲ့ မြေးရဲ့ချစ်သူဆိုတာကရော ဘယ်သူလဲ ဘာလုပ်တာလဲ "
တနေ့မဟုတ်တနေ့ ကျွန်မတို့အကြောင်းကို သိသွားမယ့်အတူတူ ဘယ်လိုဘဲဖြစ်ဖြစ် အမှန်တိုင်းပြောလိုက်ရမှ စိတ်ထဲ သန့်နိုင်မည်ဆိုတော့
"သမီးချစ်သူက မိန်းကလေးတစ်ယောက်ပါ။သူ့ နာမည်က Lalisa "
"ဘာ မိန်းကလေး ဟုတ်လား။Jen na ငါ့မြေးဘာတွေလုပ်နေတာလဲ "
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...