40

6.9K 601 84
                                    

ခပ်စူးစူး နေရောင်ရဲ့ အလင်းဟာ ဖွင့်ထားတဲ့ပြတင်းပေါက်ရဲ့လိုက်ကာစကနေ အိမ်ထဲထိ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။မိုးလင်းနေပြီဆိုတာ သိပေမယ့် ဒီအိမ်ကြီးထဲ အရင်ကလို အထီးကျန်မှုများစွာနဲ့ ကျွန်မတစ်ယောက်ထဲ အမှောင်ကျနေခဲ့တယ်။

ထမင်းစား စားပွဲမှာ ထိုင်နေရင်း အကြောင်းမဲ့စွာ အရှေ့မှာ ချထားတဲ့ ကော်ဖီပူပူနှစ်ခွက်ကို ငေးကြည့်နေမိတယ်။ညကတည်းက ဒီတိုင်းထိုင်နေတာဆိုပိုမှန်လိမ့်မယ်။

" Jane na "

ခေါ်သံကြားလိုက်ရပေမယ့် မထဖြစ်ခဲ့။

"Jane ဘယ်လိုဖြစ်တာလဲ။Lisa ကဘာလို့ လမ်းခွဲရတာလဲ"

LiLi နာမည်ကိုကြားလိုက်ရသည့်အခါမှာတော့ ထိန်းချုပ်ထားတဲ့စိတ်တွေဟာ လွှတ်ထွက်ကုန်ပြီး ငိုချလိုက်မိတော့သည်။

LiLi တကယ်မရှိတော့ဘူး။ကျွန်မ ဘဝထဲကနေ ကျွန်မနှလုံးသားထဲကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့ပြီ။

ကျွန်မ မြတ်နိုးရတဲ့ ကလေးရဲ့အသံလေးတွေ၊ကျွန်မ မြတ်နိုးရတဲ့ ချစ်စဖွယ်အမူအယာလေးတွေ တကယ် တကယ်ကိုမရှိတော့ဘူး။

"Jane စိတ်ကိုထိန်းလေ။အရမ်းမငိုပါနဲ့ဟာ။အဲ့တာကြောင့် ငါ နင့်ကိုပြောပါတယ်။အရမ်းမချစ်မိစေနဲ့လို့။အခုတော့ နင်ခံစားနေရပြီမလား "

Lisa ဘာလို့ လမ်းခွဲခဲ့သလဲ ကျွန်မ မသိပေမယ့် Jane ကိုတော့ တကယ်သနားမိတယ်။အရူးတစ်ယောက်လိုအော်ငိုနေတာ ဘယ်လောက်တောင်မှ ခံစားနေရလဲ ကျွန်မ ခန့်မှန်းလို့ရနေခဲ့တယ်လေ။ကိုယ့် သူငယ်ချင်းအရင်းခေါက်ခေါက်မို့ မဟုတ်ပေမယ့် ဒီပတ်သက်မှုမှာ Jane ကပိုပြီး နာကျင်ခံစားနေရတယ်လို့ ဘက်လိုက်ကာ တွေးနေမိတော့တယ်။

" Jane သတိထားဦးလေ Jane Jane "

ငိုနေရင်းနဲ့ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ နေအောင် လဲကျကာ သတိမေ့သွားတဲ့ Jane ကြောင့် အရမ်းလန့်သွားပြီး ကပြာကယာနဲ့ ဆေးရုံကားကိုအမြန်ဖုန်းဆက်ခေါ်လိုက်ရသည်။

Jane အစား ကျွန်မဖြင့် ရင်လေးလိုက်တာ။Lisa ကလဲ အကုန်လုံးအဆင်ပြေနေပြီဆိုမှ ဘာလို့များ လမ်းခွဲရတာလဲ။ ကျွန်မ တကယ်စိတ်ဆိုးမိတယ်။Jisoo ဖုန်းဆက်ပြောတော့တကယ်ကိုမယုံနိုင်ခဲ့ဘူး။Lisa နဲ့ Jane ဆိုတာအရမ်းကို ချစ်ကြတာလေ။အခုလို ရုတ်တရက်ကြီး Lisa ဘက်ကနေ လမ်းခွဲတော့ Jane ဘယ်လောက်တောင် ခံစားနေရမလဲ။ Lisa ကိုအရမ်းချစ်တယ်ဆိုတာ ဘေးကကြည့်တဲ့ ကျွန်မတို့တောင် ခံစားမိတဲ့အထိလေ။

Dear ruby,back to meWhere stories live. Discover now