"Honey ဘာဖြစ်သွားသေးလဲ။ဟင် သွေးသွေးတွေ"
Honey ဝတ်ထားတဲ့ Shirt အင်္ကျီအဖြူရောင်ကြောင့် ထင်းကနဲနေအောင် မြင်လိုက်ရတဲ့ လက်မောင်းကနေ စီးကျနေသည့် သွေးတွေနဲ့အတူ ဓားဒဏ်ရာကိုပါ မြင်လိုက်ရတော့ ပွတ်ပွတ်ဆူလာတဲ့ဒေါသတွေနဲ့ Miyoon ဆီ သွားမယ်လုပ်တော့ Honey က ကျွန်မ လက်ကိုလှမ်းဆွဲကာ ခေါင်းခါပြလာသည်။
"မလုပ်နဲ့ LiLi သူ့လမ်းသူသွားလိမ့်မယ်။စစ်ဆေးရေးမှူး သူ့ကို အခုချက်ချင်းထောင်ထဲထည့်ပါ။ကျွန်မ သူ့မျက်နှာကို မမြင်ချင်ဘူး"
စစ်ဆေးရေးမှူးကိုလှမ်းပြောလိုက်ပြီး လဲကျနေရာကနေ ပြန်ထကာ LiLi လက်ကိုဆွဲ၍ အပြင်ဘက်ကိုထွက်ခဲ့လိုက်သည်။
"Jane ဟယ် သွေးတွေပါလား။ဘယ်လိုဖြစ်တာလဲ"
Chaeyoung က ကျွန်မတို့ကိုမြင်တော့ အနားသို့ပြေးလာကာ Honey လက်မောင်းက ဒဏ်ရာကိုမြင်လိုက်ရ၍ အရမ်းလန့်သွားသည့်ပုံပင်။
"ဘာမှမဖြစ်ဘူး။အိမ်ကိုဘဲမောင်းလိုက်တော့။ငါဒီနေ့ Company မသွားတော့ဘူး "
"ဆေးရုံသွားရအောင်လေ "
"ရတယ် ရှပ်ထိသွားတာ အရမ်းမများဘူး "
Jane အကြောင်းသိတာမို့ ဘာမှဆက်မပြောတော့ဘဲ အိမ်ကိုသာမောင်းခဲ့လိုက်ရတော့သည်။
" Honey အရမ်းနာနေလားဟင် "
တစ်လမ်းလုံး ကျွန်မလက်မောင်းကထွက်နေတဲ့ သွေးတွေကို Tissue နဲ့ သုတ်ကာ တရံှူရှုံငိုနေပြန်တဲ့ LiLi ရယ်ပါ။တကယ်တော့ ဓားဒဏ်ရာက သေးသေးလေးရယ်။ရှပ်ထိတာဆိုတော့ ဘာမှမပြောပလောက်ပေမယ့် ကျွန်မကို အရမ်းစိတ်ပူပြီး ကလေးလေး အခုလိုမျိုး ငိုနေတာမြင်တော့ စိတ်ထဲကျေနပ်မိတာ အမှန်ပင်။
"ဘာလို့ငိုနေတာလဲ LiLi ရယ်။သေးသေးလေးပါ ဘာမှမဖြစ်ဘူးနော် "
" Honey အခုလိုဖြစ်ရတာ LiLi ကြောင့်ပါ "
"LiLi က ကိုယ့်ဇနီးလေ ကာကွယ်ရမှာပေါ့။ဒီလောက်လေးနဲ့ဘာမှမဖြစ်ဘူး။LiLi ကိုတောင် ပွေ့ချီလို့ရတယ် "
ကျွန်မအပြောကို LiLi က သဘောကျကာ ပြုံးရယ်လေတော့သည်။
"Honey နော် လက်ကဒဏ်ရာရထားတာကို လုံးဝမချီရဘူး ဒါပဲ"
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...