[လမ်းခွဲပြီး သုံးနှစ်နဲ့ နှစ်လ ပြည့်သည့်နေ့ ]
...
နှစ်လကျော်လောက်ထိ ဘာအဆက်အသွယ်မှ မလုပ်ခဲ့တဲ့ ကလေးက ဒီနေ့ ကျွန်မဆီစာပို့လာတယ်။
"သတိရတယ် Ruby" တဲ့လေ။
မျက်ရည်တွေကြားထဲကနေ နာနာကျင်ကျင်နဲ့ပြုံးလိုက်မိပြန်တယ်။ကိုယ့်ကိုသတိမရစေနဲ့။ကလေးအတွက် အနှောက်အယှက်ဖြစ်စေတဲ့ ကိုယ့်လိုလူကို သတိမရပါစေနဲ့ ကလေးရယ်။ကိုယ်နဲ့တူတဲ့လူမျိုးတွေ့တဲ့အခါ ကိုယ့်ကိုမေ့ပစ်ပြီး သူတို့နဲ့သာ ပျော်အောင်ကြိုးစားနေလိုက်ပါ။
ဒီနေ့ ရာသီဥတုသာယာနေတယ် ကလေးရေ။တိမ်တွေကလဲ လှနေတယ်။ပန်းခင်းကြီးကလဲ အစွမ်းကုန် ပွင့်လန်းနေတယ်သိလား။ကိုယ်ကတော့ ခန္ဓာကိုယ်က မကျန်းမာဘူးလို့ အချက်ပြလာပြန်တော့ အခန်းထဲအောင်းနေရင်း ဒီပန်းခင်းလေးကိုပစ်ထားမိတာ နည်းနည်းတော့ကြာသွားတယ်။စိတ်မဆိုးနဲ့နော်။
Dating ထွက်ပြီး ဆယ်ရက်ကြာတော့ "သူငယ်ချင်းတွေပါ တွဲနေကြတာမဟုတ်ပါဘူး"ဆိုတဲ့ ကလေးရဲ့ဖြေရှင်းချက်ကြောင့် ဘာလို့မှန်းမသိ စိတ်ထဲ နေသာထိုင်သာ ရှိသွားသလို မြင်မြင်သမျှတွေဟာလဲ စိတ်တွေလန်းဆန်းသွားလောက်အောင်ကို လှပနေပြန်တယ်။
...
" Lisa အဆင်ပြေရဲ့လား "
"မပြေဘူး Unnie ကျွန်မအဆင်မပြေဘူး။Honey ကျွန်မကို မုန်းတီးနေတော့မယ်ဆိုတာသိနေတယ်"
"မဟုတ်ဘူးလို့ ဖြေရှင်းပြီးပြီလေ။သတင်းထောက်ကလဲ သူမှားပါတယ်လို့ဝန်ခံခဲ့တာပဲ"
"Honey ကျွန်မကို စာမပို့တော့ဘူး Unnie.ကျွန်မဘက်က ပို့တဲ့စာကို Honey ဖတ်ရောဖတ်ရဲ့လားဆိုတာ ကျွန်မဖြင့် မတွေးရဲတော့ဘူး"
Honey ရဲ့စာတွေမြင်ရင် ရူးမတက် ပြေးတွေ့ချင်တဲ့စိတ်တွေကြောင့် လအတော်ကြာ အဆက်အသွယ် ဖြတ်ထားခဲ့မိတယ်။အဲ့ကြားထဲ Dating ကိစ္စကပေါ်လာတော့ Honey ကျွန်မကို အထင်လွဲသွားမှာကို သေလောက်အောင် ကြောက်နေခဲ့မိပါတယ်။
"သတိရတယ် Ruby " ဆိုပြီး စာပို့တော့ ဘာပြန်စာမှ ရောက်မလာခဲ့ဘူး။Honey ကျွန်မကို တကယ်မုန်းသွားပြီလား။စိတ်ကုန်သွားပြီလား။မချစ်တော့ဘူးလား။အဲ့ဒီစိတ်တွေက အခါခါသတ်နေတာကြောင့် လူလဲ လုံးပါး ပါးနေပါပြီ။
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...