"ကလေး jisoo ဆီဖုန်းဆက်ကြည့်ပါဦး "
"အခုပဲဆက်မလို့ဘဲ unnie ကိုစိတ်ပူတယ်"
Coffee ဆိုင်ရဲ့မလှမ်းမကမ်းကနေ ကားကိုရပ်ပြီး jisoo ကိုစောင့်နေပေမယ့် တော်တော်ကြာတဲ့အထိ ထွက်မလာတာကြောင့် စိတ်တွေပူလာရတော့သည်။
" Unnie အခုဘယ်မှာလဲ "
"ဟိုအရူးမနဲ့ အခုပဲစကားပြောပြီးလို့ထွက်လာပြီ။ နင်တို့ရော ဘယ်မှာလဲ "
"Coffee ဆိုင်နားမှာပဲ unnie ကိုစောင့်နေတာ စိတ်ပူလို့ "
" အေးအေး unnie လာခဲ့မယ် စောင့်နေ "
" ဟုတ် "
ဖုန်းချပြီး အပြင်ဘက်ကိုကြည့်လိုက်တော့ ဆိုင်ထဲကနေ ဒေါသထွက်နေတဲ့ပုံစံနဲ့ ကျွန်မတို့ဆီလမ်းလျှောက်လာတဲ့ Jisoo unnie ကိုလှမ်းမြင်လိုက်ရတယ်။
" LiLi Jisoo ကဘာတဲ့လဲ "
"ဟိုမှာ လာနေပြီး ကြည့်ရတာ ဟိုတစ်ယောက်နဲ့စကားများလာတာထင်တယ်။unnie တော်တော် စိတ်တိုနေတာ "
" ဟင် ဟုတ်လား "
ကားနားရောက်တော့ ကားနောက်ခန်းတံခါးဖွင့်ကာ ဝင်လာတဲ့ jisoo ကို ကြည့်လိုက်တော့
"ရေရှိလား ငါ့ကိုပေးစမ်းပါ။စိတ်တွေအရမ်းတိုနေလို့"
သေချာပါတယ် ဟိုတစ်ယောက်နဲ့စကားများလာလို့ Jisoo အရမ်းကိုဒေါသထွက်နေတာ။ရေဗူးကို လှမ်းပေးလိုက်တော့ တစ်ဝက်လောက်ထိရောက်အောက် သောက်ပြီးမှ စကားစလာတယ်။
" Lisa နင် Jane နဲ့ပဲ နေလိုက်တော့ "
" ဘာလို့လဲ သူကဘာပြောလို့လဲ "
"ငါလေ သူ့လောက်ရိုင်းစိုင်းတဲ့သူမျိုးမတွေ့ဖူးဘူး။သူ့ကိုမချစ်ရင် အခြားသူကိုလဲမချစ်ရဘူးတဲ့။ရအောင်ခွဲမယ်ဆိုပြီးပြောတာ။ငါလေ ပါးရိုက်ချင်တာများ လက်တွေကိုယားလို့"
"ဒီတိုင်းဆို LiLi အတွက် အန္တရယ်ရှိတယ်။သူတခုခု ကြံစည်နေပုံရတယ် "
"ဟုတ်တယ် ပြီးတော့ကျွန်မအထင် အဲ့တစ်ယောက်က စိတ္တဇရောဂါဖြစ်နေတာနေမှာ။သူ့ပုံစံကအဲ့လို ဖြစ်နေတယ်။အဲ့လိုလူတွေက အရမ်းကြောက်ဖို့ကောင်းတယ်။ကျွန်မ Lisa ကိုစိတ်ပူတယ် Jane "
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...