[J'ai besoin de toi bébé]
...
"Chaeyoung ,Honey သွားတာကြာနေပြီနော်။ကျွန်မ စိတ်ပူတယ် "
"လာပါလိမ့်မယ် Lisa ရဲ့။ခဏဘဲစောင့်လိုက်"
Honey ဝင်သွားတဲ့ နေရာကိုကြည့်ရင်း လူက သစ်ကုလားအုပ်လို လည်တဆန့်ဆန့်နဲ့ စိတ်ပူစွာ စောင့်မျှော်နေရပြန်တယ်။ခဏအကြာ ပွဲထဲက လူတွေဆီကနေ ဝိုးခနဲ ထအော်တဲ့ အသံကိုကြားတော့ အကြည့်တွေကို စင်ပေါ်သို့ ရွေ့လိုက်တဲ့အချိန် မြင်လိုက်ရတဲ့ မိန်းကလေးတစ်ယောက်ကြောင့် ပါးစပ်ဟောင်းလောင်း ဖြစ်သွားရသည်ထိ အံ့ဩမင်သက်သွားရတော့သည်။
Off-Shoulder လိုပုံစံမျိုး Crop Top အင်္ကျီကိုမှ အပေါ်ကနေ အနီရောင် Corb ကို ထပ်ခြုံထားပြီး Charm အပြည့်နဲ့ ဆွဲဆောင်မှုရှိလှတဲ့ ဒီမိန်းကလေးက ကျွန်မ သိပ်ချစ်ရတဲ့ Honey တဲ့လား။တကယ်ပါ။တစ်ခါမှ ဒီလိုဝတ်တာမျိုး မမြင်ခဲ့ဖူးတော့ ပါးစပ်ကနေ ဘာဆိုဘာမှ မပြောနိုင်ဘဲ Honey ကိုသာ တအံ့တဩဖြင့် စိုက်ကြည့်နေမိတော့သည်။
စင်ပေါ်ကနေ ကျွန်မထိုင်နေတဲ့နေရာကို လှပတဲ့အပြုံးလေးတခုနဲ့အတူ အချစ်တွေပြည့်နေတဲ့ မျက်ဝန်းညိုတွေနဲ့ တဖန် စိုက်ကြည့်နေတဲ့ ကျွန်မရဲ့ နှစ်ယောက်မရှိတဲ့ Honey.ကျွန်မကတော့ ပြုံးလဲမပြနိုင်ခဲ့ပါ။အချိန်အတန့်ကြာသည်အထိ ပါးစပ်ဟောင်းလောင်းနဲ့ စွံအ့နေမိခဲ့တာလေ။
"Honey က ဘယ်လိုဖြစ်ပြီး "
"Anni Day အတွက် အမှတ်တရဖြစ်အောင် Jane က Lisa အတွက်ရည်ရွယ်ပြီး သီချင်းဆိုမို့တဲ့လေ"
ဘေးချင်းကပ်ရပ်မှာ ထိုင်နေတဲ့ Chaeyoung က ပြောလာတော့ စင်ပေါ်မှာ မိုက်ခ်ကို ကိုင်ရင်း ကျွန်မကို ပြုံးပြီး ကြည့်နေတဲ့ Honey ကြောင့် သဘောကျစွာ ရယ်လိုက်မိတော့သည်။ကျွန်မကို တော်တော်လေး စိတ်လှုပ်ရှားအောင်လုပ်နိုင်လွန်းတဲ့ Honey ရယ်ပါ။
ကျွန်မတို့နှစ်ယောက်ရဲ့ anni day ကို Honey မေ့နေတယ်အမှတ်နဲ့ ဘာမှမပြောဘဲ ဒီအတိုင်းသာ နေနေခဲ့မိတာ။ကျွန်မအတွက် Honey သာရှိနေရင် ပြည့်စုံပြီမို့ အခြား ဘာဆိုဘာမှမလိုအပ်ဘူးဆိုတဲ့ အတွေးနဲ့လေ။အခုတော့ Honey ရဲ့အလေးထားမှုတွေကို အရှင်းသားတွေ့မြင်ခဲ့ရလို့ မျက်ရည်ဝဲသည်အထိ ပျော်ရွင်လာရတယ်။သံစဉ်စ, လာတာနဲ့ Honey ရဲ့ စူးရှချိုမြိန်လွန်းတဲ့ အသံလေးဟာ ကျွန်မဆီ ပျံလွင့်လာခဲ့တယ်။
BINABASA MO ANG
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...