" LiLi ကိုယ်ရောက်နေပြီနော် "
" ဟုတ်လား အထဲဝင်ခဲ့လေ Honey ရဲ့ "
" ဖြစ်ပါ့မလား LiLi ရယ် "
" ဘာလို့မဖြစ်ရမှာလဲ ဝင်ခဲ့နော် Honey "
"အင်းအင်း ဝင်ခဲ့မယ် "
LiLi ရဲ့ photoshoot ရိုက်တဲ့နေရာရောက်တော့ အပြင်မှာ LiLi ရဲ့ fan တွေအများကြီးကိုတွေ့ပြီး Ruby Jane လန့်သွားမိတယ်။LiLi ဆီဖုန်းဆက်ပြန်တော့လဲ အထဲဝင်ခဲ့လို့သာ ခေါ်နေပြန်တော့ မဝင်ချင်ပေမယ့် LiLi ထွက်လာရင် Fan တွေက အရမ်းအုံလာမှာဆိုတော့ တခုခုဖြစ်မှာလဲ စိုးရိမ်တာကြောင့် ဝင်ခဲ့လိုက်ရတော့သည်။ အထဲရောက်တော့ cameraman တွေရော မီးထိုးတဲ့အဖွဲ့သားတွေပါရှိနေတော့ LiLi ကို တော်တော်လေးရှာယူနေရတာ။
ဟော တွေ့ပါပြီ။အလှပြင်တဲ့ မှန်တင်ခုံရှေ့မှာ ထိုင်နေတဲ့ LiLi. မျက်နှာကလဲ ဆူပုတ်နေတာပဲ။ဒီကလေးလေး ဗိုက်ဆာနေတာနေမှာ။ခြေကိုဖွဖွနင်းပြီး LiLi ဘေးနားသွားလိုက်မိတယ်။
" LiLi "
ခေါ်သံကြားတော့ ကျွန်မဘက် ဆက်ခနဲလှည့်ကြည့်တယ်။စောနက ဆူပုတ်နေတဲ့ မျက်နှာလေးက ချက်ချင်းဆိုသလိုပြုံးလာတော့တာ။
" Honey "
မတ်တပ်ရပ်နေတဲ့ ကျွန်မကို ထိုင်နေတဲ့ LiLi က ခါးကနေဖက်လိုက်တာကြောင့် လန့်သွားရသည်။လူတွေအများကြီးရှိတာကို LiLi ကတော့။
" LiLi လူတွေရှိတယ်လေ "
" ဘာမှမဖြစ်ဘူး "
"ထ သွားရအောင်။ကလေးလေး ဗိုက်ဆာနေပြီမလား"
" အင်း အရမ်းအရမ်းဆာနေတာ "
မျက်နှာငယ်လေးနဲ့ ကျွန်မကိုမော့ကြည့်ပြီးအသနားခံနေတဲ့ LiLi.
"Aigoo ရုပ်လေးက ဘယ်လိုလေးလုပ်နေတာလဲ။ကိုယ်ဆွဲနမ်းမိတော့မယ် "
" ဟွန့် တော်ပါ မနမ်းရဲပဲနဲ့။လာ သွားကြစို့ "
ပြောချင်ရာ ပြောပြီး ကျွန်မလက်ကို အတင်းဆွဲခေါ်သွားပြန်တယ်။အရှေ့ရောက်တော့ LiLi ကိုလဲ မြင်ရော Fan တွေ အုံလာပါလေရော။
" LiLi လာ "
LiLi လက်ကိုဆွဲကာ အရှေ့ကနေ ကာပြီး ကားရှိရာဆီ အမြန်လာလိုက်ရတယ်။ညကျရင်တော့ ကျွန်မနဲ့ LiLi ရဲ့ပုံတွေ internet ပေါ် ရောက်တော့မှာ မြင်ယောင်ပါသေးတယ်။
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...