Switzerland နိုင်ငံရဲ့ ဆောင်းတွင်းဟာ ထင်ထားတာထက်တောင်ပို၍ လှပလွန်းနေသည်။LiLi အရမ်းသဘောကျပြီး နှစ်သက်လှတဲ့ နှင်းဖြူဖြူလေးတွေဟာဆိုရင် နေရာအနှံမှာ ပျံ့ကျဲနေသလို ကျွန်မသဘောကျတဲ့ တောင်တန်းတွေဟာဆိုရင်ဖြင့် စိတ်ကြည်နူးဖို့ ကောင်းလောက်အောင်ကို ဆွဲဆောင်နေပြန်တယ်။
ကလေးနဲ့ ကျွန်မဟာ အားတဲ့အချိန်တွေဆိုရင် ခရီးတိုလေးတွေ ထွက်လေ့ရှိသလို အခုလို ခရီးရှည်တွေသွားနိုင်ဖို့အတွက်လည်း အချိန်ပေးနိုင်အောင် ပိုကြိုးစားမိကြသည်။ပျော်စရာကောင်းတာလေးတွေ အမှတ်တရဖြစ်စေနိုင်မယ့်အရာလေးတွေကို နှစ်ယောက်အတူတူ ဖန်တီးမိကြသည်။ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်သလဲ။
ကလေးနဲ့ကျွန်မဟာ အချိန်တွေကြာနေလည်းဘဲ အချစ်တွေကလျော့မသွားခဲ့။ပိုပိုတိုးကာ ချစ်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်ကနေ အပျောက်မခံနိုင်သလို နေ့ရက်တိုင်း ဂရုစိုက်ခဲ့ကြတယ်။
လူတိုင်းဖြစ်ချင်ကြတဲ့ အိမ်မက်ကဘာများလဲ။ဟင့်အင်း ကျွန်မ မသိဘူး။ကျွန်မတို့နှစ်ယောက်ရဲ့တနေ့တာကတော့ အရမ်းကို ပြီးပြည့်စုံလွန်းလှတယ်။
မနက်ခင်းတိုင်း ချစ်ရသူရဲ့အနမ်းတစ်ပွင့်နဲ့အတူ အမြတ်တနိုးငေးကြည့်နေတဲ့ မျက်ဝန်းတွေနဲ့နိုးထရခြင်းတွေ။နှစ်ယောက်အတူ ထမင်းဟင်းချက်နေရင်းနဲ့ အနမ်းတွေ နယ်ကျွံသွားခဲ့လို့ တူးခဲ့ရတဲ့ ညစာတွေ။
ရှိသမျှအလုပ်တွေကိုအကုန်မေ့ကာ ဒီကမ္ဘာပေါ် ကျွန်မနဲ့ကလေး နှစ်ယောက်ထဲပဲရှိနေသလို အိပ်ယာထက် အချိန်ဖြုန်းမိခဲ့တဲ့ နေ့ရက်တွေဟာ မရေမတွက်နိုင်အောင်ပင်။
ကော်ဖီပူပူနှစ်ခွက်နဲ့မျက်နှာချင်းဆိုင်ထိုင်ရင်း တစ်ယောက်မျက်နှာတစ်ယောက် တမေ့တမော ငေးကြည့်နေမိလို့ အေးစက်သွားတဲ့ ကော်ဖီတွေရဲ့မျက်စောင်းထိုးခြင်းတွေကို ကျွန်မတို့နှစ်ယောက် ခံခဲ့ရတဲ့ အကြိမ်ရေတွေကမနည်းတော့ပါဘူး။
ကြယ်တွေစုံတဲ့ညဘက်တွေဆို ဝရန်တာရှေ့ မတ်တပ်ရပ်ရင်း ကလေးရဲ့ရင်ခွင်ကျယ်ထဲ တိုးဝင်မှီတွယ်ကာ ငြိမ်းချမ်းမှုတွေကို ခံစားစေတာ ညတိုင်းလိုလိုပါပဲ။LiLi ကြောင့်မို့ ကျွန်မရဲ့ညတွေဟာ သိပ်ကိုလှပခဲ့ရပါတယ်။
DU LIEST GERADE
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...