18

9.3K 671 35
                                    

Jane ခိုင်းတဲ့အတိုင်း YG Entertainment ကို လက်ထောက်တစ်ယောက်နဲ့ သွားလိုက်ရတော့သည်။Reception ရောက်တော့ ဝန်ထမ်းကောင်မလေးကို Star Word ကလို့ ပြောလိုက်တာနဲ့ ပြာပြာသလဲ ဖြစ်ကာ CEO ဆီ ချက်ချင်းဖုန်းဆက် အသိပေးပြီး ရုံးခန်းကိုခေါ်သွားပေး၏။

" ထိုင်ပါဦးရှင့် "

"ဟုတ်ကဲ့ "

"ဘာကိစ္စများရှိလို့လဲမသိဘူး "

"ကျွန်မတို့ရဲ့ Star World Fashion Company ကနေ Lalisa ကို ပင်တိုင် Model အဖြစ် ကမ်းလှမ်းချင်လို့ပါ "

" ရှင် "

Star World ကနေ ဒီလိုကမ်းလှမ်းတယ်ဆိုတာမျိုး တခါမှပင် မကြားဖူး၍ နည်းနည်းလန့်သွားမိသည်။Korea နိုင်ငံရဲ့ နံပါတ်တစ် Fashion Company ဆိုတော့ Model လုပ်ချင်တဲ့သူတွေများပေမယ့် သူတို့ရဲ့ဥက္ကဌ Ruby Jane ဆိုတဲ့အမျိုးသမီးကပဲ Brand တွေကို သူကိုယ်တိုင် Model လုပ်ပြီးပဲ ရိုက်တာဆိုတော့။

"ဒီကမ်းလှမ်းချက်က အဆင်မပြေလို့လားရှင့်"

"မဟုတ်ပါဘူး ဟို နဲနဲလန့်သွားလို့ပါ။အခုလို လူကိုယ်တိုင် လာစရာမလိုပါဘူးရှင် Mail ဖြစ်ဖြစ် ပို့လိုက်ရောပေါ့ အားနာစရာ "

"ဥက္ကဌကြီးနဲ့ Lalisa က မိတ်ဆွေတွေဆိုတော့ ခင်မင်မှုကို အလေးထားတဲ့အနေနဲ့ လူကိုယ်တိုင် လာခဲ့ရတာပါ "

"Lisa လေးနဲ့က မိတ်ဆွေတွေလား။အော် အဲ့တာကြောင့် internet မှာတွေ့လိုက်တာ Photoshooting မှာရော ထမင်းအတူတူ စားနေကြတာရော "

"ဟုတ်ကဲ့ အဲ့တာဆို ကျွန်မတို့ကမ်းလှမ်းချက်ကို လက်ခံနိုင်မလား မသိဘူး "

"Lisa ကိုတိုင်ပင်ကြည့်လိုက်ပါ့မယ်။ပြီးမှ အကြောင်းပြန်လိုက်မယ်လေ "

"ဖြစ်နိုင်ရင် အခုချင်ချင်း ဖုန်းဆက်ပေးလို့ရမလား။ဥက္ကဌကြီးက အဆင်ပြေတာပဲ လိုချင်တယ်လို့ မှာလိုက်လို့ပါ "

"ရှင် အဲ့တာဆို ခဏနော် Lisa က ရှူတင်မှာလား မသိဘူး။ကျွန်မ ဖုန်းဆက်မေးပေးမယ် "

ဘာလို့ဒီလောက်တောင် အလျင်လိုနေရသလဲ မတွေးတက်ပေမယ့် အခုလို ကမ်းလှမ်းခံရတာဟာ Company အတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။

Dear ruby,back to meWhere stories live. Discover now