7

13.7K 919 46
                                    

"ဒီလိုမျိုးတွေဖြစ်မှာစိုးလို့ သက်ပြင်းတွေချနေတာ"

"Ruby ဖယ် ဖယ်ဦးလေ။ အဝတ်အစားလဲလိုက်တော့နော်။ဟို ကျွန်မ အောက်ထပ်ကနေပဲ စောင့်နေလိုက်တော့မယ် "

"မရတော့ဘူး LiLi ဒီတိုင်းတော့ ကိုယ်သွားခွင့်မပြုနိုင်ဘူး"

အပေါ်ကနေ အုပ်မိုးကာ ကျွန်မ နှုတ်ခမ်းတွေကို အငမ်းမရနမ်းနေတဲ့ Ruby ကြောင့် ရင်တွေအရမ်းခုန်လာရပြန်တယ်။အနမ်းတွေက တဖြေးဖြေးနဲ့ကြမ်းလာတော့ Ruby လက်မောင်းကို အသာထုကာ အတင်းရုန်းနေပေမယ့်မရ။ရုန်းနေတဲ့ ကျွန်မရဲ့လက်နှစ်ဖက်ကို ဆွဲယူလိုက်ပြီး လက်ဖဝါးကနေ ဆုပ်ကိုင်လိုက်တဲ့ Ruby ကြောင့် ဘယ်လိုမှ လှုပ်လို့မရနိုင်တော့တဲ့ အခြေအနေ ဖြစ်သွားရပြန်တယ်။တဖြေးဖြေးနဲ့ နှုတ်ခမ်းကနေ လည်ပင်းကို ဆင်းလာကာ ခပ်ကြမ်းကြမ်း နမ်းရှိုက်လိုက်မှုကြောင့်ဆစ်ခနဲ နာကျင်သွားရပြီး

" Ahh... Ruby နာတယ် "

Ruby ကတစ်ချက်လေးမှမရပ်တန့်။တဖြေးဖြေးနဲ့ အဆင့်တွေကျော်လာကာ အင်္ကျီကြယ်သီးတွေကိုဖြုတ်ပြီး ရင်ဘတ်နားသို့ ကျူးကျော်လာတဲ့ နှုတ်ခမ်းတွေကြောင့် အနည်းငယ် မောဟိုက်လာရတယ်။Ruby ကို ငြင်းဆန်ဖို့အတွက်ကျွန်မမှာအင်အားတွေ တစိုးတစေ့မျှရှိမနေခဲ့ပါဘူး။ကျွန်မ အဲ့ဒီလောက်တောင် Ruby ကိုသဘောကျနေမိတာ။

ရုတ်တရက်...Ruby တစ်ယောက် ကုတင်ပေါ်ကနေ အမြန်ပြေးဆင်းကာ ကျွန်မနဲ့ ခြေလှမ်းခြောက်လှမ်းစာလောက် အကွာအဝေးကို အော်တိုရောက်သွားတော့သည်။

"ကိုယ်တောင်းပန်ပါတယ် LiLi ရယ်။ဟိုလေ စိတ်မထိန်းနိုင်လို့ ဖြစ်သွားတာပါ။စိတ်မဆိုးပါနဲ့နော်။ကိုယ်တကယ်တောင်းပန်ပါတယ်"

လက်ဖဝါးနှစ်ဖက်ကိုပွတ်တိုက်ရင်း အလောတကြီးတောင်းပန်နေတဲ့ Ruby ကိုကြည့်ရင်း မျက်ရည်တွေဝဲလာမိတော့သည်။ပြောရင်းနဲ့ ရှိုက်ကြီးတငင်ငင်ငိုနေသော Ruby ကြောင့် ကျွန်မမှာ စိတ်တွေ ပြာယာခက်သွားကာ ကုတင်ပေါ်ကနေ အမြန်ပြေးဆင်းပြီး Ruby အနားသို့အပြေးလေး သွားလိုက်ရသေး၏။ပြီးတဲ့နောက် Ruby မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ

Dear ruby,back to meWhere stories live. Discover now