"LiLi ဘာဖြစ်လို့လဲ။ မျက်နှာလဲမကောင်းဘူး "
ကျွန်မ မေးလိုက်တော့မှ မျက်ရည်တွေဝဲကာ ငိုမဲ့မဲ့မျက်နှာလေးဖြစ်လာတဲ့ LiLi ကြောင့် စိတ်တွေအရမ်းပူသွားရပြန်တယ်။
"ကလေးလေး ဘာဖြစ်လို့လဲ။ LiLi ရယ် ဘာလို့ငိုတာလဲ။ကိုယ်ဘာလုပ်မိလို့လဲဟင်။ မငိုပါနဲ့ "
စကားပြောနေရင်း Ruby ကပါ မျက်ရည်တွေ ကျလာတာကြောင့် ကျွန်မမှာဘာပြောရမှန်းမသိ စွံ့အ,သွားရတော့သည်။ကျွန်မက Ruby နဲ့ မခွဲချင်သေးလို့ ဝမ်းနည်းပြီးငိုတာကို သူကပါ လိုက်ငိုနေတော့ ဘယ်လိုလုပ်ရပါ့မလဲ။
"Ruby ကလဲ ဘာလို့ သူများလို လိုက်ငိုနေတာလဲ"
"LiLi မျက်ရည်ကျတာမြင်ရင် ကိုယ် မခံစားနိုင်ဘူးလေ"
ကျွန်မ မျက်ရည်ကျရင် လိုက်ငိုပေးတက်သူ။ကျွန်မ ဝမ်းနည်းတဲ့အခါ နှစ်သိမ့်ပေးတက်သူ။ Ruby Jane အပေါ် ကျွန်မရဲ့သက်ရောက်မှုက ဒီလောက်တောင်ဖြစ်စေခဲ့တာလား။
" ကျွန်မက ရှင်နဲ့မခွဲချင်သေးလို့ ငိုတာ "
ဘယ်လို။ ကျွန်မနဲ့ မခွဲချင်သေးလို့။LiLi ကတော့လေ လူကိုရူးအောင်လုပ်နေပြန်ပါပြီ။အစကတည်းက သူနဲ့ပတ်သက်ရင် ဆေးမမှီတဲ့လူသားပါဆိုနေ။
"အချွဲလေး"
ငိုမဲ့မဲ့မျက်နှာလေးနဲ့ ပြောနေတဲ့ LiLi ကို အသည်းတွေယားကာ ရင်ခွင်ထဲထည့်၍ ခပ်တင်းတင်းဖက်ထားမိပြန်တယ်။ တပြိုင်ထဲမှာဘဲ ပုခုံးပေါ် ကျနေတဲ့
ဆံနွယ်လေးတွေကို တရှိုက်မတ်မတ် နမ်းရှိုက်လိုက်မိပြီး" ကိုယ်နေတဲ့ အိမ်ကိုလိုက်ခဲ့မလား "
" .... "
"မနက်ကျမှ အတူတူပြန်ကြမယ်လေ။LiLi ကိုစိတ်မချဘူး။ကိုယ်ပြန်သွားရင် ထပ်ပြီး ငိုနေမှာစိုးလို့ "
" အင်း လိုက်ခဲ့မယ် "
ကျွန်မတို့ နှစ်ယောက်စလုံး သည်းသည်းကဲကဲတွေများ ဖြစ်မိလေသလား။ကိုယ်တိုင်ကလဲ မူတောင် မမူနိုင်တော့ဘဲ အိမ်အထိ လိုက်အိပ်ဖို့တောင် ခေါင်းငြိမ့်လိုက်မိပြီ။
" LiLi ရဲ့ပစ္စည်းတွေကရော "
ရှက်ရှက်နဲ့ ရင်ခွင်ထဲမျက်နှာအပ်ထားရာကနေ Ruby ဆီကအမေးကိုကြားမှ ခေါင်းကိုပြန်မော့ကာ
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...