10

12K 822 52
                                    

" ကလေးလေး ဘာစားချင်သေးလဲ "

" ညဈေးတန်းက ရေခဲမုန့် "

" Ok စားပြီးရင် သွားကြမယ်နော် "

ဒီဆိုင်ထဲမှာ ကြာကြာလဲမနေချင်တော့၍ မြန်မြန်စားပြီး ပိုက်ဆံရှင်းကာ ညဈေးတန်းဘက်ကို ကားမောင်းခဲ့လိုက်တော့သည်။ ညဈေးတန်းရောက်တော့ ကားကိုတစ်နေရာမှာ ရပ်ထားခဲ့ပြီး လမ်းလျှောက်ခဲ့လိုက်ကြတယ်။သိပ်ပြီး ထူးထူးခြားခြားရယ်တော့ မတွေ့ရ။မုန့်ရောင်းတဲ့ ဆိုင်လေးတချို့ရယ် အရုပ်ဆိုင်လေးတွေသာရှိသည်။phone cover လှလှလေးတွေရောင်းတဲ့ ဆိုင်နားရောက်တော့ LiLi က သားပိုက်ကောင်လေးလို ခုန်စွခုန်စွလုပ်ပြီး ကျွန်မ လက်မောင်းကို ဆွဲကာ

" Honey LiLi အဲ့တာလေး လိုချင်တယ် "

လက်ညိုးထားပြတဲ့နေရာကိုကြည့်လိုက်တော့ Teddy bear ပုံလေးနဲ့ cover လေးတွေ။

" LiLi လိုချင်ရင် ဝယ်လေ "

" ဆင်တူဝယ်ရအောင် "

" LiLi သဘော "

LiLi က အဝါရောင်နဲ့ အနက်ရောင်လေးကိုယူလိုက်ပြီး

" Honey က အနက်ရောင်ကြိုက်တာမလား "

" အင်း LiLi က ဘယ်လိုသိတာလဲ "

"Internet ပေါ်ကနေ ရှာကြည့်တာပေါ့။Company က brand တွေကိုဆို Honey ကိုယ်တိုင် Model လုပ်ပြီး ရိုက်တာဆိုတော့ ရှာရတာ သိပ်မခက်ပါဘူး။Honey interview တွေမှာလဲဖြေထားတာ တွေ့တယ်။ပြီးတော့Honey ဝတ်သမျှကလဲ အနက်တွေများတယ်လေ "

" WOW LiLi က တော်လိုက်တာ "

ဒီလိုပဲဖြစ်ရမယ်လေဆိုတဲ့ ရုပ်မျိုးလေးနဲ့ ပြောင်စပ်စပ်လေးလုပ်ပြလာပြန်တယ်။

" ဒီနှစ်ခု ယူမယ် ဘယ်လောက်လဲ "

" ဝမ် 20000 ပါ "

ဆိုင်ကကောင်လေးကို ပိုက်ဆံရှင်းလိုက်ပြီး ထွက်မယ်လုပ်တော့

"ဟို ဒီက noona နဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလားဗျ"

ဟင် LiLi ကိုများ မှတ်မိသွားတာလား။ဒုက္ခပါပဲ ဘယ်လိုလုပ်ရမလဲ။

" ဘာလို့လဲမသိဘူး "

ကျွန်မက မေးလိုက်တော့ LiLi က စောင်းထားတဲ့ ခေါင်းစွပ်ကို ဖယ်လိုက်ပြီး

Dear ruby,back to meOù les histoires vivent. Découvrez maintenant