Unicode
ကျွန်တော် မနေ့ညက 8နာရီ ပြည်တွင်းသတင်း အပြီး
နိုင်ငံတကာသတင်းကို ဆက်ကြည့်ခဲ့တဲ့အချိန်မှာ
ပျင်းစရာကောင်းတဲ့ သတင်း တစ်ခုတွေ့ခဲ့တယ်။အဲ့တာက
ဘာလဲဆိုရင် အနောက်နိုင်ငံတချို့မှာရှိတဲ့ သိပ္ပံ
ပညာရှင်တွေက ကမ္ဘာ ကြီးကို ပြားတယ်လို့ဆိုကြတယ်။
အရှေ့နိုင်ငံတော်တော်များများကတော့ ကမ္ဘာ ကြီးက
လုံးတယ်လို့ ဆ်ိုကြပြန်တယ်တဲ့။ ဒီကိစ္စ နဲ့ပတ်သတ်ပြီး
သူတို့ဘာလို့ ငြင်းခုံနေကြလဲဆိုတာကို ကျွန်တော်
နားမလည်ပါဘူး ။ဘာလို့ဆို ကျွန်တော့် ကမ္ဘာကြီးက
ကျွန်တော့်လက်ထဲမှာရှိလို့လေ။"Morning MD"
"Morning"
"Morning MD "
"Morning "
Company ထဲကို သူဝင်လာသည်နှင့် ဝန်ထမ်းတွေက
လေးစားစွာ နှုတ်ဆတ်ကြ၏။ခဲရောင်အနောက်တိုင်း
ဝတ်စုံပြည့်နှင့် သူဟာ ခန့်ညားချောမောသော အသွင်ကို
ဆောင်လျက် ခြေလှမ်းတိုင်းမှာ ယုံကြည်မူတို့ရှိနေ၏။"ထိုင်းက ကိုယ်စာလှယ်တစ်ဦးနဲ့ မနက်ဆယ်နာရီမှာ
Meetingတစ်ခုရှိပါတယ်။ နေ့လယ် နှစ်နာရီမှာ
Fashion show အတွက် Sponsorပေးမယ့်
လုပ်ငန်းရှင်တွေနဲ့ တွေ့ရပါမယ် ..ညနေပိုင်း...""ဟေ့...ညနေပိုင်းကို ဖယ်ထားလို့ ငါပြောပြီးသားနော်"
အတွင်းရေးမှူးမလေးမှာ သူစကားကြောင့် အချိန်ဇယားကို
ပိတ်လိုက်ပြီး ပြုံးလျက်.."Dateအတွက် Booking လုပ်ထားတဲ့အကြောင်း
ပြောမလို့ပါ MD.. ခွင့်ပြုပါဦး"ထို့နောက် သူ့အား အရိုအသေပေးလျက် ထွက်သွားပါလျှင်
သူ စားပွဲပေါ်ရှိ ပြက္ခဒိန်ပေါ်မှရက်စွဲလေးကို ကြည့်၍ ပြုံးလိုက်ပါသည်။ဒီနေ့က ကျွန်တော့်ချစ်သူလေးနဲ့ကျွန်တော် Two year Anniပြည့်တဲ့နေ့ပေါ့။လူသက်တမ်းရဲ့တစ်ဝက်မှာကျွန်တော်ဟာ ကိုယ့်ကိုယ့်ကိုယ်
ပြီးပြည့်စုံတဲ့ လူတစ်ယောက် လို့ ယုံကြည့်ထားပါတယ်။
ဘာလို့လဲ ဆိုရင် ကျွန်တော့်မှာ ကိုယ်ပိုင်အလုပ်ရှိတယ်။
ကိုယ်ပိုင်အိမ်ရှိတယ်။ကိုယ်ပိုင်ကားရှိတယ်...နောက်ပြီး
ဘဝလက်တွဲဖော်အတွက် သိပ်လှပြီးချစ်စရာကောင်းတဲ့
ချစ်သူတစ်ဦးကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။

YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ