Unicode
နံနက်မိုးသောက်လို့ အာရုံထွန်းတောက်ချိန်ကို ကျော်လွန်ကာ နေရောင်ခပ်စူးစူးလေးပင် ထွက်ပြူးလို့လာလေပြီ။အိစက်ညက်ညောသော မွေ့ယာပေါ်ဇိမ်ယူကာ
အိပ်နေသည့် ကိုဝေကတော့ မနိုးသေးပါပေ။ အိပ်နေရင်း အိပ်မက်ကောင်းတွေများ မက်နေလေသလား နှုတ်ခမ်းလေးတွေက ပြုံးယောင်သမ်းလို့နေသည်။တိတြေသသည် ကိုဝေအား မနှိုးရက်စွာ အစောကြီးထလို့ အိမ်အကူအဒေါ်ကြီးကို အိမ်မှာလာနေပေးရန် နှင့် မနက်စာ
ပြင်ပေးဖို့ ဖုန်းဆက်လိုက်သည်။ ထို့နောက် မျက်နှာသစ် ရေချိုးကာ တစ်ညလုံး ကိုဝေ့လက်ကိုကိုင်ထားသည့် သူ့လက်ဖဝါးလေးကို ကြည့်ကာ သဘောတကျပြုံးလိုက်
မိသည်။စိတ်တွေမလုံပဲ လန့်ပြီး ပြန်မနိုးလာသည့် ညဟာ မွေးကတည်းက ဒီနေ့တစ်ညသာ ရှိသည်ထင်၏။နောက်ဆို ညတိုင်းကိုဝေ့ ကို အနားမှာခေါ်အိပ်မှပဲ။အတွေးလေးနဲ့အတူ ရေပန်းကိုဖွင့်လိုက်သည်။ ဖွားခနဲကျလာသော ရေစက်တွေကိုခံယူရင်းလည်း သူဟာ ပြုံးမိနေတုန်းဖြစ်ပါ၏။ အချစ်ဟာ လူတစ်ယောက်ကို
ဘာအကြောင်းအရင်းမှ မရှိပဲပြုံးတတ်စေသလား။နဲနဲတော့ ဆန်းကျယ်သည်။"အန်တီကြီးက ဘယ်သူလဲဟင်...ဒယ်ဒီရော"
ခါတိုင်း အိပ်ယာလာနိုးနေကြ ဒယ်ဒီက
မနေ့ညကလည်းရှင်း ဆီ မလားသလို...
မနက်ရောက်တော့လည်း လာမနှိုးသဖြင့် သူမဟာသူမထပြီး မီးဖိုခန်းဘက်ထွက်
လာတော့ အန်တီကြီးတစ်ယောက်ကိုတွေ့သဖြင့် မေးလိုက်ခြင်းဖြစ်သည်။"အိမ်အကူပါ....အကိုလေးပြောတဲ့ ဧည့်သည်တွေထင်တယ်...သမီးလေး မနက်စာစားတော့မလား"
"သြော်.... မနက်စာကဘာတွေလဲ"
"မုန့်ဟင်းခါး ပါ"
ဆိုတော့ ရှင်းက စဉ်းစားဟန်ပြုပြီး....
"ကြက်ဥလိပ်နဲ့ နွားနိုး လုပ်ပေးလို့ ရမလား"
"ရပါတယ်...လုပ်ထားပေးပါ့မယ်"
"Ok"
လုပ်ထာတဲ့ဟင်းတွေ မစားချင်ဘူးဆိုပြီးဂျီးများတတ်တဲ့အကျင့်လေးကို ရှင်းက ကောင်းကောင်းကြီး အသုံးချလိုက်
သည်။ အိမ်အကူတွေဆို မာမီနဲ့အတူတူပြိုင်ရစ်နေကျ။အခုတော့ တစ်ယောက်တည်း ရစ်ရတော့မယ်။ ပျော်စရာ သိပ်မကောင်းသလိုပဲ။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
القصة القصيرةDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ