Part-16

1.9K 255 28
                                    

Unicode

"အစ်မရော...တတ်လေ..ဒါနဲ့ နှစ်ယောက်တည်းလား"

"ဟုတ်တယ် မောင်လေး.. ရှင်းက သူ့အဖွားတို့နဲ့
လိုက်သွားတယ်"

ဆန်းသစ်မွှေးသည် ဆန်းကမ္ဘာဝေထိုင်သည့်
ကားနောက်ခန်းတွင်ဝင်ကာ ထိုင်လိုက်ရင်း တိတြေသ
မေးတာကိုဖြေလိုက်ပါ၏။သို့သော် ဆန်းကမ္ဘာဝေ၏
မျက်နှာက မဲ့ရွဲ့လို့နေပြီး တိတြေသအား မကြည်သလို
သာကြည့်၍မျက်နှာလွဲ၏။ တကယ်တည်းမှပဲ
သမီးကိုမတွေ့ရမခြင်းမေးနေတော့တာ...
အဲ့လောက်တောင်မွှန်နေတာ။

"ဟုတ်လား မမ...ပစ္စည်တွေက ဒါအကုန်ပဲလားဟင်"

"အကုန်ပဲမောင်လေး... "

"ဟုတ်...မမ"

ဒီကောင်မျက်နှာရူး မိန်းကလေးတွေ့တိုင်း ရောနေတာ။
အိမ်ထောင်သည်တောင်မချန်ဘူး။ စိတ်ကမကျေမချမ်း
ရေရွတ်ရင်း သူ တိတြေသအား မျက်မှောင်ကြုတ်၍
ကြည့်ပေးလိုက်သည်။ ငါ့အစ်မတော့ မထိနဲ့
မီးပွင့်သွားမယ် ဘာမှတ်။

"ကိုဝေ...ခါးပတ်သေချာပတ်လေဗျ..."

တိတြေသသည် အဝတ်အိတ်နှင့်တောင်းတစ်လုံးကို
ကားနောက်ခန်းမှာ သေချာထားလိုက်ပြီး ကားရှေ့သို့
ပြန်ရောက်လာစဉ် ကိုဝေခါးပတ်မပတ်ပဲထိုင်နေသည်ကို
တွေ့၍ သတ်ိပေးသလိုပြောရင်း သူကိုယ်တိုင်ပင်
ဝင်ပတ်ပေးမလို လုပ်ပြီးမှ မိုးလင်းခါနီးမက်ခဲ့သည့်
အိမ်မက်ကို သတိရ၍ ပြန်နောက်ဆုတ်ကာ
ကားမောင်းသည့်နေရာတွင်ဝင်ထိုင်လိုက်ပါသည်။

"ကိုဝေ့အိမ်ပဲ သွားမှာမလားဟင်"

ကားနောက်ခန်းမှ ကိုဝေ့က်ို ငှဲ့စောင်းကြည့်၍
မေးသော်လည်း ဆန်းကမ္ဘာဝေက လက်ပိုက်ပြီး
ရှူတည်တည်ဖြင့်ထိုင်နေသဖြင့်...အားနာတတ်သည်
ဆန်းသစ်မွှေးကပဲ...

"ဟုတ်တယ် မောင်လေ"

"ဘယ်သူကနင့်မောင်လေးလဲ... မမနော် ငါကိုငြိမ်းနဲ့
ပြန်တိုင်မှာ "

"ငါကဘာလုပ်နေလို့ကိုငြိမ်းကိုတိုင်ရမှာလဲ"

"ဘာရမှာလည်း ငါရှိနေတာကို နင်တို့
မောင်လေးတွေ မမတွေနဲ့... ပလူး...အ..အား.."

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now