Unicode
ကျွန်တော့်ကမ္ဘာကြီး ဗြောင်းဆန်နေပြီ။ ဘယ်ကတည်းက စတင်ခဲ့သလဲ ဆိုရင် ကိုဝေ
ကျွန်တော့်ကုမ္ပဏီရောက်လာတဲ့ နေ့ကတည်းက ဖြစ်မယ်ထင်ပါရဲ့။ကိုဝေ ..သူစိမ်းမိန်းကလေးတစ်ယောက်နဲ့
လိုက်ဖက်ညီစွာ တွဲရပ်နေပုံက ကျွန်တော့်ရင်တွေကို အဆမတန်ပင် ပူလောင်စေတာ အမှန်ပါပဲ။ဒါပေမယ့်သူ့ထက်အရင် အိမ်ပြန်ရောက်နေပြီမို့ ပြဿနာ ကို ရှောင်ရန်စိတ်ကူး
မိသော်လည်း...."လာတော့ဘာဖြစ်လဲ"
စကားနားမထောင်တဲ့ အဲ့ဒီလူကြီးကြောင့်...ပေါက်ကွဲရန် အဆင်သင့်ဖြစ်နေသည့် ဗုံးတစ်လုံးကို စနက်တံဖွင့်ပေး
သလိုဖြစ်သွားခဲ့ရသည်။"ဟျောင့်.. ဘာလုပ်တာလဲ"
သူသည် သဝန်တိုစိတ်၏ ဒေါသအသွင်ပြောင်းနေမူကြောင့် ကိုဝေ့ လက်ကောက်ဝတ်မှ ခပ်တင်းတင်း ပင် ဆွဲကိုင်၍
အခန်းထဲသို့ ခေါ်လာခဲ့မိလိုက်သည်။
သို့သော်ငြား အခန်းထဲ ရောက်လျှင် သူဘာလုပ်ရပါမည်လဲ။ ဟိုမိန်းမကြီးနဲ့
ဘာလို့လျှောက်သွားနေတာလဲ ဟူ၍အော်ဟစ် သောင်းကျန်းကာ မေးရမည်လား။ ဒါမှမဟုတ် ကျွန်တော့်ကို ဘာလို့လိမ်တာလဲ ဟူ၍လား။ ဒါမှမဟုတ် ဒီနေ့ ဘယ်ကိုသွားပြီး ဘာတွေလုပ်ခဲ့တာလဲဟူ၍ စစ်ဆေးချက်ထုတ်ရမည်လား။ ဒါမှမဟုတ် ...ကျွန်တော် ကိုဝေ့ကို ချစ်တယ်
ဟူ၍လား။လားပေါင်းများစွာတွေက 'လုပ်လိုက်စမ်း' ဟူသော အဖြေကိုထုတ်ဖော်ရန် ရဲဝံ့ စွာ
မတိုက်တွန်းကြပေ။ 'ချစ်တယ်
ကိုဝေ'ဆိုတဲ့စကားကို....ကျွန်တော်တို့ ဖြေးဖြေးချင်း သံယောဇဉ် တွေ အမြစ်တွယ်သည်အထိ စောင့်ပြီးမှ
ပြောချင်သည်။ ကျွန်တော့်အချစ်တွေ ကို... ကိုဝေမငြင်းနိုင်တော့တဲ့ အခြေအနေရောက်တဲ့အထိ ကျွန်တော်အချိန် ဆွဲထားချင်သေးသည်။ တစ်ချို့တွေကတော့ ဒါကို ရူးမိုက်
တယ်လို့ထင်ချင်ထင်ကြလိမ့်မှာပေမယ့်....ကျွန်တော်ချစ်တာ သာမာန်အမျိုးသမီးတစ်ဦးမဟုတ်သလို...မွေးရာပါဗီဇအတိုင်း ယောကျာ်းလေးတွေကိုနှစ်သက်သူ တစ်ဦးလည်း မဟုတ်ခဲ့ပြန်ပါလေ။"တိတြေသ!"
သူ အခန်းတံခါး ကို ပိတ်လိုက်မိပြီး တံခါးရှေ့မှ မဖယ်ပေးပဲ ရပ်နေမိသည်။ ထိုအခါ ကိုဝေက လက်ကို ရုန်း၍ သူ့ ဘက်ဆောင့်ဆွဲလိုက်ရာ...ဘာလုပ်ရမည်မသိ ဖြစ်နေသောတိတြေသမှာ အငိုက်မိသွားလျက် လွတ်ထွက်လုလုဖြစ်သွားခဲ့ရသည်။ သို့သော် တိတြေသက ပြန်ဆောင့်ဆွဲလိုက်ရာ ကိုဝေ တစ်ယောက်
ဟန်ချက်ပျက်ကာ ခြေထောက်ခေါက်ပြီး
တိတြေသ ရင်ဘတ် ပေါ်သို့ အရှိန်နှင့် ပစ်ကျလာပြီး မတိမ်းမရိမ်းအရပ်ကြောင့်
နှုတ်ခမ်းနှစ်စုံဟာ အမှတ်မထင် ထိကပ်သွားခဲ့လေသည်။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Cerita PendekDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ