Unicode
" ကျွန်တော့် ဘဝထက်အရေးကြီးတာ
ဆန်းကမ္ဘာဝေ ""ဘာ မင်း... ဘာပြောတာလဲ"
Doctorသည် တိတြေသ စကားကြောင့် နားရှုပ်သွားပါ၏။ရှင်းမြဝေ နဲ့ တွဲနေသည့်အကြောင်းတော့ သူ သိရှိထား
ပြီး ဖြစ်သော်လည်း ဆန်းကမ္ဘာဝေ ဆိုသည်က...ဘာကိုဆိုလိုချင်သည်လဲ။"ကျွန်တော် ဆန်းကမ္ဘာဝေ ကို ချစ်နေပြီ"
သူ့အား တည့်တည့်မကြည့် နောက်ခန်းမှ မျက်နှာခပ်လွဲလွဲဖြင့် တိတြေသ က ဖြေကာ လက်သဲလေးတွေကိုပင် တစ်ခုနှင့်
တစ်ခု ပွတ်နေသေးသည်။ Doctor သည် နှုတ်ခမ်းအစုံ ဖွင့်ဟ၍ ကားကိုခပ်မြန်မြန်ထိုးရပ်လိုက်မိပါ၏။"ဆန်းကမ္ဘာဝေ ဆိုတာ...."
" ရှင်းမြဝေရဲ့ အေဖ"
Doctor သည် မယုံနိုင်စွာ အာခေါင်ခြောက်လျက် တိတြေသအား လှည့်ကြည့်မိပြီး ဘာပြောလို့ပြောရမည်မသိ ဖြစ်သွားရသည်။ ဒီအခြေအနေကိုသူ ဘယ်လိုနားလည်ရ
မလဲ။ အယဉ်ကျေးဆုံး စကားကိုပြောရပါမည်ဆိုလျှင်...."မင်း... ယောကျာ်းလေးတစ်ယောက်ကို ချစ်နေတယ်လို့ ဆ်ိုလိုချင်တာလား"
"ဟုတ်တယ်...ကျွန်တော် ကိုဝေ့ကို ချစ်တယ်"
ဘာလို့ အဖြေတွေက အဲ့လောက်ထိ ပြတ်သားနေသည်လဲ။
Doctor သည် ဆွံအပြီးရင်း ဆြံအေနကာ တိတြေသအား အကြောင်းပြချက်မဲ့စွာ ကြောင်တောင်တောင်လေးပင်
ကြည့််နေမိတော့သည်။ ယောကျာ်းလေးချင်းကြိုက်နှစ်သက် ခြင်းက သူ့အတွက် အထူးအဆန်းမဟုတ်သော်လည်း
တိတြေသ က ယောကျာ်လေးတစ်ယောက်ကို ကြိုက်သည် ဆိုတာက ထူးဆန်းသည်။"မင်း.... လာနောက်မနေနဲ့"
"ကျွန်တော်နဲ့ Doctor က နောက်ရလောက်အောင်မရင်းနှီးဘူး"
သိကျွမ်းလာတဲ့ကာလမှာ တရင်းတနှီး နေခဲ့တဲ့အချိန်ရယ်လို့ သိပ်မရှိခဲ့ပေ။ မိဘချင်း ရင်းနှီးကြသော်လည်း သားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်
အစောင့်ကြည့်ခံနေရသဖြင့် ခပ်စိမ်းစိမ်းသာ နေဖြစ်ကြ ပါ၏။" ပြီးတော့ Doctorကျွန်တော့်ကို အိမ်လိုက် ပို့မယ်လို့ ပြောတာက... ပြောစရာရှိ လို့ မဟုတ်လား... ဘာတဲ့လဲ ဖေဖေနဲ့မေမေ က ဘာတွေ ပြောခိုင်းပြန်ပြီလဲ"

YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ