Part-5

3.3K 395 33
                                    

Unicode

"မုဆိုးမသွားရာ မိုးလိုက်လို့ရွာတဲ့..အဲ့စကားပုံကမှန်လား..
နေစမ်းပါဦး...မှန်လဲငါက မုဆိုးမ မှမဟုတ်တာ။
ကျွတ်(စ်)...ခွေးသူခိုးလေးငါ ဟိုတလောကမှ...
ဝယ်ထားတဲ့ဟာကို...ဘာမှတောင်
မသုံးရသေးဘူး...အသစ်ကြီး..."

ခေါင်းကို တဗျင်းဗျင်း ကုပ်ပြီး...သူခိုးနောက်လိုက်ရန်
လုပ်ပြီးမှ...အစအနတောင်မမြင်ရတော့သည့်သူခိုးကြောင့်
သက်ပြင်းအကြီးကြီးချလိုက်သည်။ KTVထဲသွားပြီး
သီချင်းသွားဆိုရင် ကောင်းမလား တွေးမိသော်လည်း
နာရီကိုကြည့်ပြီး အိမ်ပြန်ရန်သာဆုံးဖြတ်လိုက်သည်။
အိမ်မှာ ရှင်းတစ်ယောက်တည်းကြောက်နေရင်တော့
ဒုက္ခပါပဲ။ ဒါပေမယ့် တိတြေသ ရှိနေတာပဲ။
အာ...မဖြစ်ဘူး ပြန်ရမယ်။ဒီကောင်ငါ့သမီးကို
အရိုးတောင်မကျန်အောင် ဝါးစားသွားလိမ့်မယ်။

ဆန်းကမ္ဘာဝေသည် တစ်ယောက်တည်း အတွေးပေါင်းစုံဖြင့်
တွေးရင်း အိမ်သို့သာ ပြန်လာခဲ့တော့သည်။ထိုအချိန်၌
တိတြေသသည် ယောကျာ်လေးသဘာဝစိတ်ထဲ
တစ်ခုခုဖြစ်ရင် အရက်သောက်တတ်ကြသည်ကို
အကြောင်းပြုပြီးအရက်ဆိုင်တချို့တွင် ဆန်းကမ္ဘာဝေအား
လိုက်ရှာလျက်ရှိလေသည်။

...............

"ဂျူးယသော်...ဘယ်မှာလဲ "

မင်းစောရာပြည့်သည် မျက်လုံးများမှိတ်ထားလျက်
သံတိုင်တစ်ဖက်ခြားရှိ ဦးဉာဏ်သက်အား အသံခပ်မှန်မှန်ဖြင့်
မေးလေသည်။

"မင်းသိစရာမလိုဘူး... "

"ဂျူးယနဲ့ တွေ့ချင်တယ်"

"ငါ့ကို ဒူးထောက်ပြီး သခင်ကြီးလို့ခေါ် ရင် ပေးတွေ့မယ်
ဘယ်လိုလဲ"

ဦဉာဏ်သက်၏ စကားအဆုံး မင်းစောရာပြည့် သည်
မျက်လုံးများမှေးမှိတ်ထားရာမှ ဖြည်းဖြည်းချင်းဖွင့်
လာပြီး မီးအလင်းရောင်စူးစူးအားအသားကျအောင်
ကြိုးစားလိုက်၏။ ထို့နောက် ရှေ့တည့်တည့်မှ
ဦးဉာဏ်သက် အား အသက်မဲ့သူတစ်ဦး၏
မျက်ဝန်းများကဲ့သို့ ခံစားချက်မဲ့စွာ ကြည့်လိုက်လေသည်။

"...."

ထို့နောက် ဘာစကားမှမဆိုပဲ ခပ်မှန်မှန် လေးပင်ထ၍
ခြေလှမ်းကိုတစ်လှမ်းခြင်းလှမ်းကာ ထွက်သွားလေသည်။
ထိုအခါဦးဉာဏ်သက်သည် အံ့ကြိတ်၍ လက်သီးကို
တင်းတင်းဆုပ်ရင်း ကျန်ခဲ့လေသည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now