Part-45(The End)

5.1K 298 49
                                    

Unicode

"ကျွန်တော် ထိုးကျွေးတယ်? ကိုကို
ဘာစကားတွေပြောနေတာလဲ။ ကျွန်တော်
ထိုးကျွေးတိုင်း အစားခံရအောင်လည်း
ရှင်း က ဘွဲ့တောင်ရပြီးပြီ စဉ်းစားတတ်တဲ့
ဦးနှောက်ကြီးနဲ့ဗျ...သူကြိုက်တာသူရွေး
ချယ်တတ်မှာပေါ့"

ဒီကလေး.... သူ့ကို တစ်ခွန်းမကျန်ပြန်ပြောတာ။ ပြောလိုက်တိုင်း သူကပဲ မှန်မှန်သွား
တတ်ပြီးတော့ ကိုယ်ကတော့ လူကြီးဖြစ်ပြီး
ထင်ရာလျှောက်ပြောတတ်တဲ့သူ ဖြစ်သွားရော။

ကိုဝေသည် ရှင်းအခန်းထဲဝင်ပြီး တံခါးပိတ်
သွားလျှင် သက်ပြင်း တစ်ချက်ချလျက်
လေးတိလေးကန်ခြေလှမ်းများဖြင့်
ပြတင်းပေါက်လေးနားသွားကာ လိုက်ကာစ
လေးကို အသာလေးဟပြီး ဖွင့်ကြည့်လိုက်
သည်။ ယခုချိန်ထိတိုင် မိမိတို့အိမ်ရှေ့မှာ
ကျေးဇူးရှင်လေးရဲ့ ကားကရှိနေတုန်းပင်။

"အေ... မင်းကပြောနိုင်မှာပေါ့။ မင်းသမီးမှ
မဟုတ်တာ။ ငါနဲ့မင်းကြားမှာ သမီးဝင်ရှုပ်မှာစိုးလို့ ပထုတ်ဖို့ကြိုးစားနေတာမလား။ မင်းတော်တော် လူစိတ်မရှိတဲ့ကောင် ။ ငါမင်းကို ချစ်တယ်လို့ပြောမိတာတောင် နောင်တရတယ်!"

"ကိုကို!"

သူအဲ့ဒီလိုပြောလိုက်တဲ့အချိန် ထင်မှတ်မထား၍ ထင်သည်... ဆွံ့အသွားသော မျက်နှာလေးကထင်ရှားနေကာ...သူ့ကိုလည်း ရန်တွေ့စကားတွေ ထပ်မပြော တော့ပဲ သူလုပ်ချင်ရာကိုသာ လိုက်လုပ်ပေး နေတော့သည်။

"ဟင်"

ခပ်ပြင်းပြင်းတစ်ချက်ရှူပြီး ခပ်ပြင်းပြင်း
တစ်ချက်ပြန်မှုတ်ထုတ်လိုက်တဲ့လေတွေမှာ
မပြောသင့်တာတွေ ပြောခဲ့မိပြီကို နားလည်
လိုက်ပါသည်။ ကိုဝေသည် လိုက်ကာလေးကို
ပြန်ချပြီး အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ
Massageထဲ ဝင်လိုက်ပြီး စာတစ်ချို့
ရိုက်လိုက် ပြန်ဖျက်လိုက်ဖြင့်..... အခေါက်ခေါက် အခါခါ ပြုလုပ်နေမိပါ၏။

တောင်းပန်ပါတယ် ငါမှားသွားတယ်....

မဟုတ်သေးဘူး။...

ငါသမီးကို စိတ်ပူပြီး ပြောလိုက်မိ....

အဲ့ဒါလည်း မဟုတ်သေးဘူး။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now