Unicode
နူးညံ့နေသော နှုတ်ခမ်းလေးဟာ 36နှစ်အရွယ် လူကြီး တစ်ယောက်ရဲ့နှုတ်ခမ်းမှ ဟုတ်လေစ။ တိတြေသ သည် ကိုဝေ၏ နှုတ်ခမ်းလုံးလေးကို ထိကပ်ရုံမျှမကျေနပ်
လှုပ်ရှာ ကြည့်ဖို့ကြိုးစားပါလျှင်....နဖူးလေးနမ်းရုံ စိတ်ကူးခဲ့သော ကိုဝေ သည် မျက်လုံးလေးတွေ ဝိုင်းစက်ပြူးကျယ်သွားလျက် မျက်တောင်လေးတွေ တဖျတ်ဖျတ်ခက်ပြီး တိတြေသ ကိုယ်ကိုယ်တွန်းလို့
သူကအနောက်ကို ဆုတ်လိုက်ပါ၏။"မင်း!...ဘာ...ဘာလုပ်တာလဲ"
"ဒုန်း!"
သူ တွန်းလိုက်သဖြင့် အနောက်လန်သွားသော တိတြေသက ကုတင်ခေါင်းရင်းနဲ့ မိတ်ဆက်သွားတော့သည်။
"အ! ကိုဝေ ဘာလုပ်တာလဲ"
"မင်းကမှ ဘာလုပ်တာလဲ"
"ကျွန်တော် ဘာလုပ်လို့လဲ"
တိတြေသက သူနောက်စေ့လေးကိုလက်ဖြင့်ဖိရင်း အရမ်းနာနေသလို မျက်နှာလေးရှုံ့မဲ့ပြီးပြောလျှင် ပြူးကြောင်ကြောင်လေးဖြင့်
ကိုဝေကလည်း အူလည်လည်လေး ဖြစ်လို့နေ၏။ ဘယ်လောက်မှ မကြာလိုက်သည့် မိနစ် ၊ စက္ကန့်လေးအတွင်း ဘာဖြစ်လို့ဖြစ်သွားမှန်းမသိ။ သိသိရက်နှင့် မေးခွန်း
ပြန်မေးနေတဲ့သူရယ်...... ပြောချင်ပေမယ့်
ပြောရခက်နေတဲ့ သူရယ် ...ငြင်းစရာ စကားတွေက ဟိုပျောက်ဒီပျောက်ဖြစ်သွားကြသည်။"မင်း...."
"ကျွန်တော်..."
ကိုဝေက သူ့ကိုလက်ညိုးထိုးလျှင် သူက အပြစ်ကင်းစင်ပြီး ဘာမွမသိသူလို သူ့ကိုယ်သူ လက်ညိုးပြန်ထိုးပြ၏။ ရှက်တာရော...ပြောရခက်တာရော ကြောင့် ကိုဝေ့မျက်နှာဟာ နီရဲတတ်လာပြီး နှုတ်ခမ်းလေးတွေတထော်ထော်ဖြစ်နေတာ ပန်းသီးလုံးလေး ငရုတ်သီးစားမိလို့ စပ်သွားသည့်အတိုင်းပင်။
တိတြေသ သည် ကိုဝေ့ ပုံစံလေးကို ကြည့်နေရင်း သဘောကျမဆုံးဖြစ်နေလျက်...ထိုကဲ့သို့ မထိတထိ စနောက်နေရင်ခြင်းကို ပျော်မွေ့လို့နေလေသည်။ သို့ပေငြား တစ်ခါနမ်းတိုင်း တစ်ခါအသားနာခံနေရသည့် အဖြစ်က
နဲနဲတော့မသက်သာပေ။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ