Part-35

1.7K 226 31
                                    

Unicode

" မင်း...ဘာတွေပြော...."

"ကျွန်တော် ကိုကို့ကိုချစ်တယ်"

သူ့မျက်ဝန်းနက်နက်တွေကို ညို့ငင်စွာဖမ်းစားရင်း တိတြေသ ကထပ်ပြောပါလျှင် ကိုဝေသည် မျက်လုံးလေးတွေ
ဝိုင်းသည်ထက်ဝိုင်းသွားကာ အုပ်မိုးထားသော တိတြေသအောက်မှလွှတ်စေရန် အနောက်သို့တရွတ်တိုက်လေး
ရွှေ့လိုက်မိပါ၏။ သို့သော် တိတြေသသည် သူရွှေ့သမျှလိုက်အုပ်မိုးထားကာ လက်ညိုးလေးဖြင့် မေးရိုးတစ်လျှောက် ထိဆွဲလာပြီး မေးဖျားတွင်ရပ်သွားကာ နှုတ်ခမ်းတို့ထံအကြည့်ရောက်သွားသည်။ ပြောမိပြီ
ဆိုမွေတာ့ အဆုံးထိပြောဖို့ သာ စိတ်ကူးလိုက်ပါ၏။

"နမ်းမယ်နော်....ကိုကို... ရည်းစားလိုမျိုး"

လေသံတိုးဖွဖွလေးနှင့်ပြောရင်း သူသည်
ဟစ်ိဟစိ နှုတ်ခမ်းလေးဆီဦးတည်ကာ ဖြည်းဖြည်းချင်းထိကပ်လိုက်၏။
ထိုသည်အထိ ကိုဝေသည် ရုန်းကန်ခြင်းမပြုသလို မျက်လုံးပြူးပြူးလေးဖြင့်ပင် ကြက်သေသေလို့နေဆဲ ရှိသေးသည်။သွေးခုန်နှုန်းတို့က တဒိတ်ဒိတ်ဖြင့်
ရင်ဘက်ကြီးဟာ ပေါက်ကွဲထွက်တော့မလိုဖြစ်နေ၏။ဒါတကယ်ကြီးလား... အိမ်မက်လားဆိုတာ သူ ဆုံးဖြတ်ရခက်ဆဲရှိနေသည်။ သမီးရဲ့ရည်းစားက ရုတ်တရက် ကြီး သူ့က်ိုချစ်တယ်ပြောပြီး နမ်းနေတာဖြစ်နိုင်ရဲ့လား။ ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ။

တိတြေသ သည် ကိုဝေ ဘာတွေပဲတွေးနေနေ...သူ ချစ်နေကြောင်း သက်သေပြဖို့ က်ိုဝေ့ အောက်နှုတ်ခမ်းလေးကို ဦးစွာ သူ့နှုတ်ခမ်းဖြင့်စားသုံးပြီး ခပ်ဟဟဖြစ်လာသော ခံတွင်းနက်လေးထဲ ခုန်ဆင်ဖို့ပြင်ပါလျှင် ထိုမှ
အသိဝင်လာဟန်တူသော ကိုဝေက သူ့ပုခုန်းကို အားဖြင့် ဆောင့်တွန်းလျက် ခပ်မြန်မြန်ထကာ ဆိုဖာခုံထိပ်နားလေးတွေ ကပ်ကပ်သပ်သပ်ဖြင့် ကျုံ့ကျုံ့လေး
ပြေးထိုင်နေ၏။

"ကိုကို"

"ရှေ့တိုးမလာနဲ့....."

တိတြေသ က အနားကပ်ဖို့ပြင်ပါလျှင် ကိုဝေက လက်ကလေးဆန့်ကာ အမြန်တားလိုက်ပါ၏။ တကယ်ပဲ ဘာကြီးလဲ...ရင်တွေလဲပူ... နားတွေလည်းပူ....လက်တွေကအေး.... ခြေထောက်တွေကအေးနဲ့...
စိတ်တွေကလည်း ဟိုပြေးဒီပြေးဖြင့်အစိုးမရဖြစ်နေပါ၏။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now