Part-1

6.1K 493 36
                                    

Unicode

ဆန်းကမ္ဘာဝေသည် အသက် 36နှစ်မျှသာ ရှိသေး၏။
အသက် ဆယ့်လေးနှစ်လောက်ကတည်းကပင်
ဧကရီဆိုသည့်မိန်းမ၏ အတင်းအကြပ် ခိုးပြေးစေမူကြောင့်
အိမ်ထောင်ကျခဲ့ရပြီး လောကကြီးအားဘာမှန်းကောင်းစွာ
မသိသေးသည့် အရွယ်၌ပင် ကလေး အဖေဖြစ်လာခဲ့ရတော့သည်။

ကားစတီးယာတိုင်းကိုတင်းတင်း ကျပ်ကျပ်ဆုပ်ကိုင်ရင်း
အသက်ရှူတွေမြန်နေသော သူဟာ ဘာကိုမှစိတ်အလို
မကျပေ။ကွာရှင်းချင်သည်။ဧကရီရဲ့ လောင်းရိပ်အောက်က
လွှတ်လပ်ချင်လှသည်။ သစ္စာ မရှိတဲ့မိန်းမ။ကိုယ်ကျင့်တရား
သိက္ခာဆိုတာ ဂြိုလ်နဲ့လာလို့မေးယူရလောက်အောင်
အောက်တန်းကျလွန်းသော ထိုမိန်းမအား မြင်နေရရင်ပင်
ယောကျာ်း တန်မဲ့ ပါးရိုက်ချင်စိတ်တွေသာပေါ်နေတော့သည်။

"ဟဲ့ ဟဲ့... ဘယ်လိုဖြစ်လာတာလဲ"

ဆင်ခြေဖုန်းရပ်ကွက်ထဲက အိမ်ငယ်လေးရှေ့ကားကိုရပ်ပြီး
ခြေလှမ်းကျဲကျဲဖြင့် အိမ်ပေါ်တတ်တော့ အစ်မဖြစ်သူက
ဈေးဝယ်သူအား ပိုက်ဆံအမ်းပေးနေရင်း သူ့ကို
စိုးရိမ်စွာလှမ်းအော်မေးလေသည်။

"ဗိုက်ဆာလို့ ဘာစားစရာရှိလဲ မမ!"

"အလိုလေ...တိုက်တွေကားတွေနဲ့ငါ့မောင်ကဘယ်လိုဖြစ်ပြီး
အစ်မအိမ်စုတ်လေးမှာပဲလာလာစားနေရတာတုန်း"

ဆန်းသစ်မွှေးက မောင်ဖြစ်သူအကြောင်းအား
အလွှတ်ရနေသဖြင့် ကျီစယ်ကာပြောရင်း တနိုင်တပိုင်
ဖွင့်ထားသည့်ဈေးဆိုင်ထဲမှထွက်ခဲ့ကာ မောင်ဘေးနား
ဝင်ထိုင်လေသည်။

"မမရာ ပြောမနေစမ်းပါနဲ့ ရှိလားမရှိဘူးလား...
ငါဗိုက်ဆာနေတာနော်!"

တစ်ချိန်လုံးလူကြီးလေးလို အကျႌ နှင့်ပုဆိုးကို သပ်ရပ်စွာ
ဝတ်တတ်သော မောင်က စိတ်အိုက်၍ထင်သည်...
အကျႌကြယ်သီး သုံးလေးလုံးအား ဖြုတ်ထားသည်။

"ရှိတယ်... ခဏလေး အေးကုန်ပြီထင်တယ် နွေးပေးမယ်!"

ပြောရင်း သူမထသွားလျှင် ဆန်းကမ္ဘာဝေက စိတ်နဲနဲ
ပြေသွားသလိုရှိကာ ပျဉ်ခင်းထားသော ကြမ်းပြင်ပေါ်
လှဲချပစ်လိုက်၏။ ဒီနေရာ လေးက သူ့အိမ်က အဲကွန်း
ထက် ရင်က်ို ပိုအေးစေသည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now