Part-7

2.9K 352 20
                                    

Unicode

သူ ရောက်သွားချိန်တွင် ပိုင်ရှင်မပေါ်သေးသည့်အလောင်းအား တာဝန်ရှိသူများကအနားမကပ်ရန် ကန့်သတ်
လိုက်ကြပြီး.... ဌာနဆီသို့ သတင်းတွေပို့၍
မည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်းနေကြလေပြီ။

ဆက်သွင််ဟိန်းသည် အလောင်းအား သေချာ
အကဲခတ်ပြီးနောက် ခပ်လှမ်းလှမ်း ကိုသွား၍ ဦးထုတ်
ခပ်ငိုက်ငိုက် ပြင်ဆောင်းပြီး ခဏထိုင်ကြည့်နေလိုက်သည်။
အမျိုးသမီးက ရေဖြင့်ပွတတ်၍ ပြာနှမ်းကာနူးနေပြီဖြစ်၏။
သို့သော် အမျိုးသမီးကြီး၏ဒဏ်ရာနှင့် သူကယ်ထား
သည့်ကောင်လေး၏ ဒဏ်ရာက မတူပေ။ အမျိုးသမီးကြီး
သည် လည်ပင်း အညစ်ခံထားရပုံရှိပြီး ရုန်ကန်ထားသည့်
ဒဏ်ရာတစ်ချို့ရှိကာ... ထိုကောင်လေးမှာတော့
ထူးထူးခြားခြား ဒဏ်ရာမရှိပေ။

သို့တိုင် ရေထဲပစ်ချခံရတာခြင်းတူသဖြင့် သတ်သည့်လူက
အတူတူပဲဖြစ်လိမ့်မည်။ ဒါဆို မိန်းမကြီးအလောင်းပေါ်ပြီး
ကလေးအလောင်းမပေါ်ရင် လိုက်စုံစမ်းကြမှာပဲ။
မဖြစ်ဘူး။

သူ ချက်ချင်းထရပ်လိုက်ပြီး လမ်းဘေဈေးဆိုင်တစ်ခုတွင်
မုန့်နဲ့ရေ ဝယ်၍ ကျောပိုအိတ်ထဲထည့်ကာ အိမ်သို့
ဆက်ပြေးလေးတော့သည်။ အိမ်ဟုဆိုသော်ငြား
ဇရပ်အိုကြီးလို့ပြောရင်ပိုမှန်လိမ့်မည်။ သူတို့တွင်
နေထိုင်ရာအိုးပိုင်အိမ်ပိုင်မရှိပေ။ ဇရပ်ကြီးရှိ ကလေး
တော်တော်များများသည် သူတောင်းစားလေးများသာဖြစ်
လျက် သူကတော့ တောင်းမစားချင်သဖြင့်
ခိုဝှက်အလစ်သုတ်ခြင်းကို လုပ်သည်။သို့တိုင်
သူသည် ကလေးတွေကိုသနားတတ်သည်။
ကူညီတတ်သည်။ ရက်စက်ရမည်ဆိုပါကလည်း
ရက်စက်ရန်ဝန်မလေးသူဖြစ်လေသည်။

"အကုန်လုံး ဒီနားခဏလာ"

သူသည် အိမ်ဟောင်းဇရပ်ကြီးဆီပြန်ရောက်သည်နှင့်
ထိုအိမ်ဟောင်းကြီးရှိ လူတွေအကုန်လုံးကို
သူနားသို့လာစေလိုက်သည်။

"အခုကစပြီး ငါ့ကိုမေ့လိုက်တော့။ဘယ်သူမေးမေးမသိဘူး
လို့ပြော...ပြီးတော့ ဟိုကောင်လေးကို မေးရင်လည်း
မသိဘူးလို့ဖြေ... ငါသူ့ကိုခေါ်ပြီး တစ်နေရာခဏ
သွားရှောင်နေမယ်။ ဒီနားမှာအေးအေးဆေးဆေးဖြစ်
သွားရင် ပြန်လာခဲ့မယ်"

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now