Unicode
"Password ဖွင့်ပေး"
"ဟ...ငါ့ကောင်ကြီး သူများ ကိုယ်ရေးကိုယ်တာ ကို
စိတ်ဝင်စားတတ်နေပြီလား"ခိုးရာပါ ဖုန်းတွေ လက်ခံဝယ်ယူသည့်
ခပ်လတ်လတ်အရွယ် လူကြီးက ဆက်သွင််ဟိန်း ပေးသည့် ဖုန်းကိုယူပြီး
မေးလေ၏။"မဟုတ်ပါဘူး... နဲနဲ မင်္သကာလို့... ဖွင့်မှာသာဖွင့်ပေးပါ"
"ချက်ချင်း တော့ဘယ်ရမလဲ။ မနက်ဖြန်မှလာယူလိုက်"
"ပြီးရော ဗျာ... ကျွန်တော့်အတွက် မှတ်ပုံတင်
လုပ်ထားပေးဦး""ဒီတစ်ခါ ဘာနာမည်နဲ့လဲ"
"ဂျူးဆက်...."
"ဒါပဲလား "
"အင်.... ဒါပဲ.... မနက်ဖြန်ထပ်လာခဲ့မယ်"
လူကြီးအား နှုတ်ဆက်ပြီးနောက် သူအခြေအနေအကဲခတ်ကာ သိုသိုဝှက်ဝှက်ပင် ထိုနေရာက ပြန်ထွက်ခဲ့ပါ၏။ လမ်းပေါ်မှာ
ကြီးပြင်းလာတဲ့သူဟာ .... မကောင်းတာမှန်သမျှ မလုပ်တတ်တာ သိပ်တာမရှိ။"ဝုတ်...ဝုတ်"
တိတ်ဆိတ်တဲ့ ရပ်ဝန်းမှာ ငိုက်စိုက် ငိုက်စိုက်လျှောက်လာသော သူ့ကို ခွေးမဲတစ်ကောင်က လာဟောင်နေသေးသဖြင့် သူ ခြေထောင့်ဖြင့်ဆောင့်ကန်သလို ဟန်ပြုပြီး လက်သီးဆုပ်လေးပင် လုပ်ပြလိုက်သေးသည်။ တကယ်ပဲ
ခွေးမဲလေးကိုမြင်တော့ လက်ကိုအကွင်းရာလိုက်လေးတွေ ထင်အောင် ကိုက်တတ်သည့် ခွေးပေါက်စလေးကို သတိရမိသွားသည်။ အဆင်ပြေတယ်မဟုတ်လား............. နေကောင်းတယ်မဟုတ်လား ......ခွေးပေါက်လေး။........................
"ဦးဉာဏ်.... ဦးဉာဏ် "
ဦးဉာဏ်သက် သည် ကားထဲကထွက်လာပြီး
အခြွေအရံများဖြင့် Companyထဲသို့ဝင်သွားပါ၏။ဒါကို မြင်သွားသော ဂျူးယက လိုက်ဖို့ပြင်လျှင် ရှင်းက ဂျူးယ ကိုပြန်ဆွဲထားပြီး...."ရှူး...တိတ်တိတ်နေ.... ဒီနေ့တော့အတည်ပြုပြီး သွားပြီ... ပြန်မယ်!"
"ဟမ်း"
ဂျူးယက နားမလည်သလို... ဒီတိုင်းကြီးပြန်လိုက်ရမှာကို မကျေမနပ်ဖြစ်သွားပါ၏။ ရှင်းကတော့ တွန့်ဆုတ် တွန့်ဆုတ်လုပ်နေသည့် ဂျူးယလက်ကို ပြန်ဆွဲခေါ်လာကာ....
ဦးနှောက်ထဲ အတွေးများနေပါသည်။
ဦးဉာဏ်နဲ့ မာမီ၊ဦးဉာဏ်နဲ့ ဂျူးယသော်၊
ဂျူးယသော်နဲ့ ချိုက်ဖော်ဝေး သူတို့တွေဟာ ပတ်သက်ဆက်နွယ်နေကြမှာသေချာသည်။
သချာ်တစ်ပုဒ်ကို Solution လုပ်ရမည်ဆိုလျှင်....အရင်ဆုံး Equation ချရမှာဖြစ်သည်။ ဒါဆို ဘယ်သူတွေက ဘယ်သူတွေနဲ့ တူညီနေကြမှာလဲ။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ