Unicode
"ကျွန်တော့် အတွင်းရေးမှူး လုပ်ပါလားကိုဝေ...
ကိုဝေသင်ပေးရင် ကျွန်တော်အကောင်းဆုံး လုပ်မှာပါ"အဖြူရောင်မျက်သားပေါ်က မျက်ဆံကြည်ကြည်နက်နက်
ကလေးကို ငုံ့ကြည့်နေမိရင်း ဆန်းကမ္ဘာဝေသည်
အလိုလိုပင် လက်ခံချင်မိလျက်သားဖြစ်သွားရသည်။
ထိုကောင်လေး၏ ညို့ဓာတ်ပါသော မျက်ဝန်းများနှင့်
ဆုံလေတိုင်း တောင်းဆိုမူမှန်သမျှကို သူ ငြင်းဆန်ဖို့
မေ့သွားတတ်လေသလား။"ငါ့အသက်အရွယ်နဲ့.. ဖြစ်နိုင်ပါ့မလား"
"အသက်ရွယ်ကဘာဖြစ်လို့လဲ ကိုဝေ...အသက်ကြီးလေ
ပိုရင့်ကျက်လေ...အတွေ့အကြုံပိုများလေမဟုတ်လား"ဆန်းကမ္ဘာဝေ သည် နှုတ်ခမ်းလေးတွန့်ရုံ ပြုံးမိသွားလျက်
မော့ကြည့်နေသည့် တိတြေသမျက်နှာနှင့်ပိုနီးကပ်အောင်
ငုံ့လိုက်ပါသည်။ ထိုအခါ အစိုးမရသောနှလုံးခုန်သံတို့
စီညံနေလျက်တိတြေသသည် လည်စိလေးလှုပ်ခတ်
သွားအောင်ပင် မရှိသည့်တွံတွေကိုမျိုချမိသော်လည်း
အာခေါင်ခြောက်မူ ကပြေပျောက်သွားခြင်းမရှိပါလေ။
ထို့အပြင် ခေါင်းဖီကိုင်ထားသည့် ကို့ဝေလက်ချောင်း
သွယ်သွယ်လေးတွေကို... ဖွဖွလေးကိုင်ထားခြင်းကိုလည်း
လွတ်ပေးဖို့သူမေ့နေပါ၏။"မင်း ဒီလိုဆက်နေရင် မင်းဟာကြီး ကျုံ့သွားတော့မှာပဲ"
ရုပ်တည်နဲ့သူပြောတော့ ချက်ချင်းသဘောမပေါက်သော
တိတြေသမှာ ကို့ဝေ့ကို မျက်ခုံးတန်းတန်းလေးတွေ
ပင့်တတ်သွားအောင် ကြည့်နေမိပြီးမှ...
တစ်စတစ်စပြုံးလာသော ကိုဝေ့မျက်နှာကြောင့်
အဝတ်မဝတ်ရသေးသော ကိုယ့်ကိုယ်ကိုယ်
သတိရမိသွားပါ၏။"အာ..ကိုဝေ...ခင်ဗျား...အရမ်းပြောရဲတာပဲ
အိမ်ထောင်သည်မှန်း သိသာလွန်းတယ်"သူ့ဟာလေးကိုပင် လက်ဖြင့်ကာပြီး ထပြေးသည်အထိ
ရှက်သွားသော တိတြေသကြောင့် ကိုဝေသည်
ခေါင်းလေးကိုနှစ်ချက်...သုံးချက်လောက်အသာရမ်းပြီး
ရယ်မိသွာ၏။ မျက်ခုံးလေးတွေစုကြုံ့လျက် မျက်နှာလေး
ရဲတတ်ကာ တိတြေသရှက်သွားပုံက သူ့အမြင်မှာ
ချစ်စရာကောင်းလွန်းနေလေသည်။ အိုဟို...ဆန်းပေစွ
သူဟာကောင်လေးတစ်ယောက်ကြောင့် ပြုံးသည်တဲ့လေ။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Короткий рассказDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ