Unicode
"ဘယ်လိုလုပ်ရမလဲ.... ဘယ်လိုလုပ်ရမလဲ"
ရှင်းသည် အိမ်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း လက်သည်းလေးကိုက်ကာ
ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေ၏။ တစ်နေကုန်လိုက်ရှာနေသော်လည်း
ဂျူးယသော်ရဲ့ အစအနလေးတောင်မတွေ့ရပါချေ။ ဒယ်ဒီတို့ကို ပြောပြရင်လည်း... သူမ လမ်းပြပြီး အရင်ခေါ်သွားပြခဲ့သည်မို့.... အပြစ်ကိုအရင်ဆုံး ဝန်ခံရဦးမည်။ ဒုက္ခပါပဲ.....။ တစ်ယောက်တည်းအကြံတွေအိုက်ကာ ခေါင်းကုပ်ရင်း သူမ အိမ်ရှေ့သို့ မျှော်ကြည့်မိလိုက်သည်။ ထိုစဉ်.......ဟင်...ဒါ...ဘာလဲ။
တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ရှက်ပြုံးလေးတွေနဲ့ လမ်းလျှောက်ကာ အိမ်ပြန်လာကြသော ဒယ်ဒီနဲ့ကို။ ကြည့်လိုက်ရုံဖြင့် သာမာန်မိတ်ဆွေခင်မင်ရင်းနှီးမူထက်
သာလွန်ပုံကို အခြေအနေအရပ်အရပ်က ထောက်ပြနေ၏။ ရှင်းသည် ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ဖြစ်သွားလျက်...
ကြက်သေသေသွားကာ မှင်သက်လို့သွားခဲ့ပါ၏။ခေတ်လူငယ်ဖြစ်သော ရှင်းဟာ အိမ်မှာအနေများပြီး Seriesတွေကို အမြဲတစေ ထိုင်ကြည့်နေတတ်သူ ဖြစ်သည်။ အချိန်ပြည့် Internet အသုံးပြုနေသဖြင့် နိုင်ငံရပ်ခြားများတွင် Boylove ဇာတ်လမ်းများ ခေတ်စားနေချိန် ဖြစ်ကြောင်း သူမသိရှိထားပါ၏။တိတိကျကျပြောရပါမည် ဆိုလျှင် 2015ဝန်းကျင် Holding The Man တို့
ထွက်ပေါ် လာချိန် ဖြစ်လေသည်။"ရှင်း "
ကိုဝေသည် လျှောက်လှမ်းလာရင်း ရှင်းကိုမြင်လျှင် တိတြေသ လက်ကိုချက်ချင်း ဖြုတ်ချ၍ ရှင်းဆီ ပြေးသွားလိုက်ပါ၏။ အိမ်ရောက်တော့မယ် လွှတ်ပါ ဆိုတာကို ကျေးဇူးရှင်လေးက အတင်းဆွဲထားတာ
ခုတော့ဖြင့် သမီးလေး မြင်သွားပြီလားမသိ။တိတြေသ သည် ကိုဝေလွှတ်ချခဲ့သော သူ့လက်လေးကို သူပြန်ကြည့်ပြီး ပင့်သက်ရှိုက်လိုက်၏။ စိတ်ရှည်ရ မည်....ဖြည်းဖြည်းချင်းကြိုစားယူရမည်ကို သိသော်လည်း
စိတ်တွေလေးနေသည်။ ရှင်းက သူတို့ကို လွယ်လွယ်လက်ခံပါ့မလား ဟူသည့်အတွေးက သူ့ကို စတင် နှောင့်ယှက်လာတော့၏။ နေ့လယ်က Philonic ပြောသလို ရှင်းသာ မိန်းကလေးအချင်းချင်းကြိုက် သွားပါမည်ဆိုလျှင်.... သူကရောလွယ်လွယ် လက်ခံနိုင်ပါ့မလား။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Cerita PendekDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ