Part-29

1.7K 244 31
                                    

Unicode

"မဝတ်ဘူးနော်....မဝတ်ဘူး"

"နင်မပြေးနဲ့!"

ဒယ်ဒီတို့ကားလေး မျက်စိရှေ့ကပျောက်သွားသည်နှင့်ရှင်းက အကြံအစည်တပွေ့တပိုက်ဖြင့် ပြုံးကာ အနောက်လှည့်လာသည်။ဒါကို ချက်ချင်းသဘောပေါက်သည့်
ဂျူးယက အခန်းဘက်လှည့်ကာ ပြေးတော့သည်။

"ဟားဟား....ရမယ်မထင်နဲ့ "

"ဒယ်ဒီနဲ့တိုင်ပြောမှာ"

"တိုင်လေ...တိုင်"

ရှင်းက ဂျူးယအခန်းရှေ့ ကြိုရောက်သွားကာ ပိတ်ထားလျင် ဂျူးယက ခြိမ်းခြောက်စကားဆို၏။ တည့်လည်းမတည့်ပါပဲ
မျက်စိအောက်ကအပျောက်မခံချင်တဲ့ ကြောင်နဲ့ကြွက်လို ကလေးနှစ်ယောက် က တစ်အိမ်လုံးကိုဗြောင်းဆန်အောင်
လုပ်ဖို့ အစပျိုးနေတော့သည်။

"ကျွန်တော် ငါးနှစ်ကတည်းက လူသတ်လာတာလို့ ပြောနေတယ်။မကြောက်ဘူးလား"

"ကြောက်တယ်ပြောရင် အလှပြင်တာ
ငြိမ်ခံမလား"

ထိုအခါ ဂျူးယက စဉ်းစားသွားပြီး မျက်လုံးလေး ကလယ်ကလယ် လုပ်ကာ....

"မခံဘူး... "

နှုတ်ခမ်းလေးမဲ့ရွဲ့ကာပြောပြီး အခန်းရှေ့က ပြန်လှည့်ခဲ့ကာ ခြံပြင်သို့ ထွက်လာလိုက်သည်။ရှင်းသည် သူမအခန်းထဲက ဆံပင်တုကို ပြေးယူပြီး ဂျူးယနောက် အမြန်ပြေးလိုက်ကာ ခေါင်ပေါ်က စွပ်ချလိုက်သည်။
ဘာကြောင့်မှန်းမသိ သူမ ဂျူးယကို စပဲစချင်နေသည်။

"အာ မစွပ်ချင်ပါဘူးဆို"

ဂျူးယသည် ခေါင်းစွပ်ကို မချွတ်သေးပဲ သူ့ ကိုပြောင်ပြကာ ရှေ့မှပြေးသွားသော ရှင်းနောက်သို့ ပြေးလိုက်တော့သည်။

ချလပ်!ချလပ်!

ထိုစဉ် ကလေးနှစ်ယောက် ပြေးနေပုံအား တစ်ဖက်တိုက်မြင့်မှ Cameraအကောင်းစားကြီးဖြင့် အမည်မသိ လူတစ်ဦး
က ဓာတ်ပုံရိုက်ယူလိုက်ပါ၏။

"အကိုလေးအိမ်မှာ မိန်းကလေးနှစ်ယောက်
ရောက်နေပါတယ်"

ထို့နောက် တစ်နေရာရာသို့ဖုန်းခေါ်ကာ အထက်လူကြီးအား တင်ပြနေလေတော့သည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now