Unicode
"လမ်းခွဲရအောင်... ကို ဒီစကားကို လွယ်လွယ်ပြော
ထွက်တယ်ဟုတ်လား...ရှင်းကတော့ သူမကြိုက်မှာစိုးလို့
တနေ့ကုန်အလှတွေပြင်နေရတာ။ကြည့်! ဟောဒီဆံပင်ကို
ကြက်ဥအကာတွေဘာလို့လိမ်းထားလဲသိလား....
ကို.. ကိုင်ရင် ရှင်းဆံပင်လေးတွေပျော့နေအောင်လို့
လုပ်ထားတာ"ရှင်း အပြောကြောင့် သူမျက်ခုံးတွေပင့်လို့ မျက်လုံးပြူးမိ
ရသည်။"ကြက်ဥအကာက ဆံပင်ပျော့အောင်လုပ်လို့ရတယ်လား"
"ရတာပေါ့...ကြက်ဥအကာလိမ်းရင် ဆံပင်လေးတွေ
နက်မှောင်ပြီးသန်စွမ်းသွားတာ"နှုတ်ခမ်းလေးမဲ့လို့ ရှင်းက ပြန်ပြော၏။ ထို့နောက်
မျက်ရည်လေးဝဲလျက်...."ပြီးတော့ တစ်နေ့ကုန် အိမ်မှာ ဘယ်သူမှလဲမရှိဘူး။
ဒယ်ဒီရော မာမီရော ရှင်းကိုပစ်ထားကြတာ...သူတို့
ဂရုစိုက်လာဖို့ဒီလိုသောင်းကျန်းနေမှရမှာ ကို....
တမင်သက်သက်လုပ်နေတာတွေပါ... ဟင့်...ရှင်းက
မညစ်ပတ်ပါဘူး.."ဒီလိိုဆိုတော့လည်း သူ သနားဂရုဏှာသက်မိသွားရ
ပြန်ပါ၏။တိတြေသ ၏ စိတ်သည် ရိုးရှင်းသဖြင့် သိမ်းသွင်း
ရလွယ်ကူကာ တစ်ဖက်သားကို ခပ်မြန်မြန်အယုံလွယ်
တတ်သည်။ဒါကို သိနေသော ရှင်းက တိတြေသကို
လွယ်လွယ်ပင် စိတ်ပြေသွားအောင် လုပ်နိုင်လေသည်။"ရှင်း တောင်းပန်ပါတယ်နော်။ ကို နော်..."
"အင် အင်....သွားမှာ ငရုတ်သီးဖတ်ကပ်နေတယ်"
တိတြေသသည် တစ်ခေါက်လောက်ဖြစ်ဖြစ် ဆက်စောင့်
ကြည့်ရန်သာဆုံးဖြတ်လိုက်ပြီး ပြောလိုက်လျှင် ရှင်း
ရှက်သွားကာ ဘာမှထပ်မပြောရဲတော့ပဲ ပါးစပ်ချက်ချင်း
ပိတ်သွားပြီး လက်ဖြင့်ပင် သူ့ကိုခဏရပ်နေရန်
ဟန်ပြ၍ အိမ်ထဲပြေးဝင်သွားလေသည်။ထိုအခါမှ သူသည် ခြံထဲရှိ ဒန်းလေးပေါ်သွားထိုင်
လိုက်ကာ ဟိုဟိုဒီဒီလိုက်ကြည့်မိရင်း ကစ်(စ်)မီပန်း
တို့ဆီအကြည့်ရောက်သောအခါ ပြုံးမိမလိုဖြစ်သွားရသည်။
ရေမှုန်တို့ဖြာကျမူကိုခံယူနေသည့် ဦးဆန်းကမ္ဘာဝေ၏ ပုံရိပ်
သည် သူကိုယ်တိုင်မသိလိုက်ခင်မှာပင် သူ့ရင်ထဲ၌
စွဲမြဲနေခဲ့ပြီး ဖြစ်၏။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Kısa HikayeDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ