Unicode
တိတြေသ သည် ကုတင်ပေါ်ဟိုလိမ့်သည်လိမ့်ဖြင့်
အိပ်မပျော်ပဲရှိနေ၏။ မျက်လုံးထဲတွင် သူ့အားအထင်း
သေး၍ မယုံသကာၤမျက်ဝန်းများဖြင့်ကြည့်နေသော
ဦးဆန်းကမ္ဘာဝေ ကို သာ မြင်ယောင်နေသည်။ထို့အတူ
ကော်ဖီခါးခါး၏ ဒဏ်ကြောင့် မျက်ခွံများ ပိတ်ထားသည့်တိုင်
အိပ်၍မပျော်ပဲရှိနေသည်။သို့နှင့်သူသည် မနက်မိုးလင်း
ချိန်ကိုသာ စောင့်နေလျက် နေလုံးကြီးအရှေ့အရပ်မှ
ပြူးထွက်လာသောအခါ ရေချိုးအဝတ်စားလဲလျက်
ရေးမွှေးကိုဆွတ်ပြီး မှန်ထဲဆယ်ခါပြန်လောက်
ကြည့်လိုက်သေး၏။သူ့သွင်ပြင်သည် မြင်သူတိုင်းငေးပြီး
အထင်ကြီးလေးစားဖွယ် အနေအထားသို့ ကြေးမုံမှန်တွင်
ထင်ဟပ်လာသောအခါ ဘယ်သူမှမချီးကျူးခင်
ကိုယ့်ကိုယ်ကိုယ်အရင်ချီးကျူးလိုက်သည်။"မင်းက အထင်ကြီးချင်စရာပဲ။ဒီလောက်ဆို ဦးဆန်းကမ္ဘာဝေ ငါ့ကို အထင်ကြီးသွားမှာ!"
မသိစိတ်က မခံရပ်နိုင်စွာ ပြောမိလိုက်ပြီးနောက် သူသည် luggage အားဆွဲကာ မိန်းမရဖို့ တိုက်ပွဲဝင်ရန်
ထွက်ခဲ့သည်။သူဆုံးဖြတ်သောလမ်းအား အိမ်တွင်တားမည့်သူတစ်ဦးတစ်ယောက်မှ မရှိပေ။ တိတြေသ၏ မိဘများသည်
Japan တွင် company ရုံးချုပ်ရှိသဖြင့် ထို၌သာ
အပြီးပြောင်းနေသွားကြပြီဖြစ်၏။သို့ဖြစ်၍ ယခု တိတြေသ၏
ဘဝကား အချုပ်အနှောင်မရှိ လွပ်လပ်ပေါ့ပါးနေလေသည်။သူသည် အနက်ရောင်ပြောင်းလက်နေသောကားအား
အမိုးဖွင့်မောင်းလျက် နေရောင်ခပ်စူးစူးကို ကာကွယ်ရန်
နေကာမျက်မှန်ကို တပ်ဆင်ထားသဖြင့် သိပ်ကိုပင်
ပြီးပြည့်စုံလျက်ရှိသည်။ သူ့အိမ်နှင့် ရှင်းတို့အိမ်သည်
ရန်ကုန်မြို့တွင်းပင် ဖြစ်လင့်ကစား မီးပွိုင့်တွေ ဖြတ်
ကားတွေကျပ်ဖြင့် နှစ်နာရီလောက်ချွေးပျံစွာမောင်းလိုက်မှ
ရောက်လေသည်။တိတြေသသည် သူ့သတိုးသမီးလောင်းရှိရှာအိမ်ရှေ့သို့
ရောက်လျှင် ကားဟွန်းတီးလိုက်၏။သို့သော် ဘယ်သူမှ
ထွက်မလာသဖြင့် ကားပေါ်ကဆင်း၍ တံခါးမှ bellကို
နိုပ်ကာ....ခြံထဲသို့လှမ်းမျှော်ကြည့်လိုက်လျှင်
ဦးဆန်းကမ္ဘာဝေကို တွေ့လိုက်ရသဖြင့် သူအော်ခေါ်
လိုက်မိသည်။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ