Part-44

1.9K 238 21
                                    

Unicode

"ကဲ.... အခု ဘယ်သူမှမရှိတော့ဘူး ရင်ဖွင့်လို့ရပြီ"

ဟင်။ Philonic ကဘာတုန်း နှာဘူးလား။ သူက ငါ့ရင်ဘတ်ကိုဘာလို့ ကြည့်ချင်တာလဲ။ အိုမိုင်ဂေါ့ သူကလည်း ကို့ လိုမျိူးလား။ အချင်းချင်းကြိုက်တဲ့သူလား။ အဲ့လိုအချင်းချင်းကြိုက်တဲ့သူတွေက နှာဘူးတွေလား။

"ဟိတ်... တစ်ခုခုပြောဦးလေ"

Philonic က ရှင်းပုခုံးကို ကိုင်ပြီးမေးလျှင် ရှင်းသည် ချက်ချင်း ပုတ်ထုတ်ကာ ခါချပြစ်လိုက်မိပြီး....

"ရှင်း စိတ်မဝင်စားဘူး"

ဟူ၍ အလန့်တကြားပင် ဘေးသို့ရွှေ့လိုက်ရာ ရေထဲသို့ ပြုတ်ကျတော့သည်။

"ဗွမ်း!"

"ရှင်း!"

ထိုအခါ Philonic သည် ရှင်းလက်ကိုလှမ်းဆွဲသော်လည်း မမှီလိုက်သဖြင့် ဆင်းကယ်ရန်ပြင်ပြီးမှ ကန်ဘောင်လေးမှာဆောင့်ကြောင့်လေးထိုင်ပြီး ရေသူမလေးကို ကြည့်၍ ပြုံးမိသွားပါ၏။ ဆံပင်တုစွပ်ထားတာလား။ ဆံပင်ပေါက်စလေးနဲ့ ချစ်စရာလေးပဲ။

ရေတွေကြောင့် ရှုပ်ယှက်ခတ်ပြီး ဆံပင်တုက ကျွတ်သွားပါ၏။ သို့တိုင် ရှင်းက အကျီႌ ရင်ပြတ်လေးနဲ့ ကိုယ်ကျပ်လေး ဝတ်ထားသည်မို့ ရေထဲမှာဝင်းပလို့ နေပြီး ရေစက်လေး
တွေဖြင့် ပုံပြင်ထဲက ရေသူမ လေးလို လှချင်တိုင်းလှ နေတော့သည်။

ရှင်းသည် ရေးကူးတတ်သူမို့ ပြုတ်ကျသည့်အရှိန်ကိုထိန်း၍ အောက်ခြေနှင့် ခြေထောက်ထိအောင်ရပ်လိုက်ပြီး မတ်တပ်ရပ်လိုက်ပါ၏။သို့တိုင် ရေကအနက်မြင့်၍ထင်
ရင်ညွှန့်လောက်ထိကို မြုပ်နေပါသေးသည်။ချက်ချင်း ရေတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်လိုက်နိုင်ပဲ ဖြစ်သွားရာ ဆံပင်တု ကျွတ်သွားခြင်းကိုလည်း Philonic
ပြုံးတုံ့တုံ့လေးကြည့်နေတာမြင်မှ သတိမထားမိသွားတော့သည်။

ဒုက္ခပါပဲ။

ပြန်ကောက်စွပ်ဖို့ကလည်း ရေတွေနဲ့စိုစွတ်သွားခဲ့ပြီမို့ ခပ်မြန်မြန် သာ ပြန်ဆယ်ယူလိုက်ပြီး ရင်ဘတ်လေး မလုံမခြုံဖြစ်နေတာကို ကာလိုက်မိသည်။ထူးကဲစွာပင် Philonic ၏ အကြည့်တွေကြောင့် ရှက်မိသလို
ခံစားနေရသည်။ မိန်းကလေးချင်းတွေပဲကို သူမ ဘာလို့ အဲ့လောက်ထိကြည့်နေရတာလဲ။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now