Unicode
"ပြော ဘယ်သူအရင်စလုပ်တာလဲ"
"သူ!" "သူ! "
ကလေးနှစ်ယောက်က ပြိုင်တူပင် တစ်ယောက်ကိုယ် တစ်ယောက် လက်ညိုးထိုးလိုက်ကြလေသည်။ ကိုဝေသည် စိတ်မကြည်သဖြင့်... သက်ပြင်းပူကြီးကိုသာ ချပစ်လိုက်ပြီး စားပွဲပေါ်ကိုလက်နှစ်ဘက် ထောက်လို့ ဘာမှမပြောပဲ ဒီအတိုင်းသာကြည့်နေလိုက်
တော့သည်။"သူ ရှင်းကို ကိုက်တာ ဒယ်ဒီ.. ဒီမှာသွားရာအကွင်းလိုက်ကြီး"
ရှင်းက သူ့လက်ကို ပြလျှင် ..... ဂျူးယသော်ကပါ သူ့လက်မောင်းကိုပြပြီး....
"ဒီမွာကုတ်ထားတာ သွေးတောင်ထွက်နေပြီ"
"အဲ့တာ နင်ကိုက်လို ကုတ်တာလေ"
"အစ်ပဲ ကျွန်တော့်ကြက်ပေါင်ကိုလာလုတာလေ...ကျွန်တော့်ဆီက ယူချင်တိုင်းယူခွင့်ရှိတာ သခင်လေးတစ်ယောက်တည်းပဲ...
ကျန်တဲ့လူ ယူလို့မရဘူး"ဂျူးယသော် က ရှင်းနှင့်အပြိုင် စိတ်တွေဆတ်နေလျက် လက်ကြောလေးတွေက ထောင်ထစပြုနေ၏။ ဒီကလေးရဲ့ဆေးစစ်ချက်အဖြေထွက်ဖို့က ကြာအုံးမည်
ဖြစ်သဖြင့် ဘယ်လိုအချိန်မှာဘယ်လို ပုံစံပြောင်းလဲသွား တတ်သည်ကိုတော့ သူတို့ ဂရုမပြုမိကြသေးပါချေ။" ကြက်ပေါင်က ငါ့ဒယ်ဒီဝယ်လာတာ...
နင့်သခင်လေး ဝယ်လာတာမဟုတ်ဘူး"ရှင်းကလည်း စွာတေးလန်လေးဖြစ်ရကာ..... ဘယ်သူ့ကိုမှ အရှုံးပေးချင်သူ မဟုတ်ပါချေ။
"ဒုန်း!"
ဂျူးယသော်သည် ရှင်း စကားကို မခံနိုင်စွာ စားပွဲခုံကို လက်သီးဖြင့်ဒုန်းခနဲထုလိုက်လေသည်။ ဘဝမှာ သခင်လေးကိုထိရင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဖို့ ဘိုးဘိုးကြီးက မှာကြားခဲ့ပါ၏။
ထိုမှပင် ဆန်းကမ္ဘာဝေသည် ဂျူယသော်ပုံစံပြောင်းသွား သည်ကို သတိထားမိသွားပြီး ရှင်း ကို တစ်ခုခုလုပ်မည်စိုး၍ လန့်သွားကာ ...ရှင်းလက်ကို ဆွဲပြီး သူ့နောက်တွင်ကွယ်ထားလိုက်ပါသည်။ ထိုအခါ ဂျူယသော်သည် မျက်ထောက်နီလေးဖြင့် ခတ္တရပ်ကြည့်နေပြီး လက်သီး ကို ခပ်တင်းတင်း
ဆုပ်ပြီးနောက် တံခါးကိုဆောင့်ပိတ်၍ အခန်းထဲသို့ ဝင်သွားလေတော့သည်။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ