Part-6

3K 361 40
                                    

Unicode

ယောကျာ်းလေး တစ်ယောက်ရဲ့အလှကို ဘယ်လိုစာဖွဲ့ရ
မလဲ။အရှင်းဆုံးပြောရရင် တိတြေသရှေ့က
ဦးဆန်းကမ္ဘာဝေ ကို ဘယ်လိုစာဖွဲ့ရမလဲပေါ့။

ပုဆိုးလေးကိုပိနေအောင်ဝတ်ထားပြီး နို့နစ်ရောင်
အကျႌလက်ရှည်ကို တံတောင်ဆစ်လောက်ထိ
ခေါက်ထားသောကြောင့် အကြောစိမ်းတွေက
အထင်းသားမြင်နေရသည်။တစ်သက်လုံးသူေဋ္ဌးသားလေး
ဖြစ်ခဲ့သည်မို့ ဖြူဝင်းပြီးသွေရောင်လွမ်းနေသည့်
လက်ချောင်းများဖြင့်ဓားကိုင်လျက် ပဲသီးတွေကို
တတောက်တောက်လှီးဖြတ်နေပုံက ဂန္တဝင် ဆန်သည်။
တိတြေသသည် ရေဘူးကို သောက်ပြီး
ပြန်ထားရန်ပင်မေ့ကာ လက်ထဲကကိုင်လျက်ပင်
ဆန်းကမ္ဘာဝေ လှုပ်ရှားမူများကို ဆက်လက်ကြည့်နေမိ
ပါသည်။

နှာတံစင်းစင်းနှင့် နှုတ်ခမ်းလုံးလုံးလေးက ဘေးနားတွင်
ကော့ကော့ကလေးနှင့်လှသည်။ မျက်ခုံးမွှေး
မထူးမပါးနှင့် အသီးတွေကိုစိတ်ဝင်တစားလှီးနေ၍
အနဲငယ် တွန့်နေပုံက ကြည့်ကောင်းလွန်းလှသည်။
ယောကျာ်းလေးချင်းပင် ငေးရလောက်အောင်
အန်ကယ်က တည်ငြိမ်စွာ ဆွဲဆောင်မူရှိ၏။
အထူးသဖြင့် အန်ကယ်က အကြင်နာတရား
အပြည့်ရှိပြီး နွေးထွေးလုံခြုံမူပေးနိုင်သည့် ပုံပေါ်ကာ
မိန်ကလေးများ အိမ်ထောင်ဖက်ရွေးချယ်ချင်သည့်
အမျိုးသားပုံစံဖြစ်လေသည်။

"ရှင်းနဲ့မင်းကို သဘောမတူလို့... ငါ့ကိုအကောက်ကြံမလို့
ကြည့်နေတာလား။ မင်းသိထားရမှာက မင်းဘယ်လို
လုပ်လုပ်ငါ့သမီးနဲ့ မင်းကို သဘောမတူဘူးဆိုတာပဲ"

"အန်ကယ်ဘာကြောင့် အဲ့လို ထင်တာလဲ"

တိတြေသသည် ချက်ချင်းပင် ရေဘူးကိုပြန်ထားပြီး
ဆန်းကမ္ဘာဝေ ချက်ပြုတ်နေသည့် ရှေ့ဘက်သို့သွား
လိုက်၏။ သဘောမတူဘူးဆိုတာကြီးပဲ ထပ်ခါထပ်ခါ
ကြားနေရတော့ သူ နားခါးလာလေပြီ။

" အန်ကယ်သဘောတူတာ မတူတာကကော
အရေးပါတယ်လို့ထင်နေလား။ ခုချိန် ကျွန်တော်က
ရှင်းကိုခိုးပြေးသွားရင်အန်ကယ် ဘာတတ်နိုင်မှာလဲ"

ထိုအခါ ချက်ချင်း မော့ကြည့်လာသော ဆန်းကမ္ဘာဝေ၏
မျက်ဝန်းသည် တိတြေသ၏ မျက်ဝန်းများနှင့်ဆုံလျက်
အကြည့်ချင်းစစ်တိုက်ကြတော့သည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now