Part-8

2.9K 346 30
                                    

Unicode

"ဒယ်ဒီ..ဒယ်ဒီ ရေ ...ရဲတွေရောက်နေတယ်"

အခန်းအပြင်မှရှင်း တံခါးခေါက်ပြီးခေါ်သံကြောင့်
ဆန်းကမ္ဘာဝေသည် ရေမချိုးတော့ပဲ မျက်နှာသာသစ်ပြီး
အောက်သို့ဆင်းခဲ့ရ၏။နာရီကိုကြည့်တော့ ရှစ်နာရီ
ကျော်ကျော်လောက်သာရှိသေးသည်။အစောကြီး
ဘာလာလုပ်ကြသည်မသိ။

"ဟင်! ညီလေး...ချိုက်ဖော်ဝေး ပါလား"

ဧည့်ခန်းထဲရောက်ရောက်ချင်း မြင်လိုက်ရသည့်
ရဲဝတ်စုံနှင့် လူကြောင့် သူအံ့သြသွားပါ၏။ ချိုက်ဖော်ဝေး
ဆိုသည်က ဧကရီတို့အမျိုးဘက်က မရမကလိုက်
စပ်လျှင်တော့ အမျိုး သုံးဝမ်းလောက် တော်သည်ဟုယူဆ
ရသည်။သူနဲ့တော့ သိပ်မရင်းနီးပေမယ့် ချိုက်ဖော်ဝေးက
မှတ်မိရလွယ်ကူသည့်ပုံစံမျိုးမို့ တစ်ခါနှစ်ခါမြင်ဖူးရုံဖြင့် သူ
ကောင်းကောင်းမှတ်မိနေပါသည်။

"ဟုတ်တယ်...ကိုဝေ... ကျွန်တော် ဒီကို မနေ့ကမှ
တာဝန်နဲ့ပြောင်းလာတာ"

"သြော်..."

"ရောက်ရောက်ချင်းပဲ စိတ်မကောင်းစရာနဲ့ကြုံရတယ်ဗျာ "

ချိုက်ဖော်ဝေးသည် ပြောရခက်စွာ သက်ပြင်းခဏခဏ
ချနေလေသည်။မမ ဧကရီဆိုးသွမ်းသည်ကိုသိပေမယ့်
သူများသတ်တာခံရလောက်အောင်ထိမမိုက်မဲဘူးလို့
ထင်ခဲ့မိသည်။ ကိုဝေနှင့် ရှင်းကိုကြည့်တော့လည်း
မမဧကရီအကြောင်းအားဘာမှမသိသလို
အေးအေးဆေးဆေး ဖြစ်နေကြသည်။

"ဘာဖြစ်လို့လဲ ညီလေး"

"စိတ်ခိုင်ခိုင် ထားကြပါနော်"

ချိုက်ဖော်ဝေး ပြောရန်အချိန်ဆွဲနေမှပင် ဆန်းကမ္ဘာဝေနှင့်
ရှင်းမြဝေတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြ
ပြီး တစ်စုံတစ်ခု အား သတိထားမိသွားကြသလို
မျက်လုံးအိမ်လေးတွေကျယ်လာမိကြကာ....

"ဘာဖြစ်လို့လဲ မြန်မြန်ပြောပါ... ညီလေး..
မဟုတ်မှ.."

သူစကား ရှေ့မဆက်နိုင်။ ဧကရီနဲ့ကွာရှင်းချင်ခဲ့ပေမယ့်
သူမကို ကမ္ဘာ မြေရဲ့တစ်နေရာရာမှာတော့ နေကောင်း
ကျန်မာစွာနဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေစေချင်သည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now