Part-40

2K 229 41
                                    

Unicode

🔞🔞

" ကိုကို့ ကိုယ်လေးကဘာလိုအရမ်းမွှေးနေတာလဲဟင်၊တကယ် ကလေးနံ့လေး....အဲ့တာက ကျွန်တော့်ကို နမ်းပြီးရင်း နမ်းချင်နေအောင် လုပ်နေတယ်သိလား"

တိတြေသ က ကိုဝေ့ကို အနောက်မှ ဖတ်ထားပြီး ဂုတ်ပိုးလေးကို အနမ်းလေးပေးကာ ပုခုံးလေးပေါ် မေးတင်ရင်း မေးလိုက်ပါ၏။ ကိုဝေသည် တိတြေသ ရင်ခွင်ထဲ နေရခက်စွာ မှီတွယ်ထိုင်နေရင်း.... အပြုံးနုနုကလေးပြုံးပါ၏။

"ရှင်း ကြိုက်လို့လေ.....သူဟာသူဆိုရင်အနံ့မွှေးကြည့်လို့မရလို့တဲ့။ ငါ့ကိုသုံးခိုင်းတာ"

အဲ့ဒီတုန်းက ရှင်း ငါးတန်းလောက်ပဲ ရှိလိမ့်ဦးမည်။ဒီရေချင်းရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲလုပ်တော့ သားအဖနှစ်ယောက်တူတူသွားဖြစ်ကြရင်း....မွေးနေ့ရှင်လေးကို ရှင်းက ချီစဉ် ပေါင်ဒါနံ့မွှေးမွှေးလေးကို ရခဲ့တာဖြစ်၏။ baby Mindနံ့ကို ဘယ်လောက်
ထိတောင် ကြိုက်သွားလဲ ဆိုရင် ဒီရေချင်းကို
လက်ကမချတော့ပဲ ပွဲပြီးတဲ့အထိ ပွေ့ချီထားခဲ့တာဖြစ်သည်။

"ဟုတ်လား.. ရှင်းကို ကျေးဇူးတင်ဖို့်အရမ်းကောင်းနေပြီ။ ကိုကို့ဆီက ဒီလိုအနံ့လေးရနေတာကို ကျွန်တော်လည်းအရမ်းကြိုက်တယ်"

ပြောရင်းပင် တိတြေသ က ကိုဝေ့နားရွက်လေးတွေကိုထိတွေ့နေသေး၏။ ကိုဝေသည် တိတြေသ ၏ ကျီစယ်နေမူကို ရှောင်တိမ်းရင်း ရုတ်တရက်ကြီး သမီးလေးကို
သတိရသြားမိပါ၏။ ဒီရက်ပိုင်း အလုပ်တွေ
ရှုပ်နေတာ သမီးလေးကိုတောင် ဂရုစိုက်ဖို့ သူမေ့နေခဲ့မိသည်။

"မင်း....ဘာလုပ်ပြန်ပြီလဲ "

အတွေးနဲ့အတူ ငြိမ်သက်နေတုန်း တိတြေသ ၏ လက်တွေက စောင်အောက်ကိုထိုးဆင်းလာပြီး သူ့ဟာလေးကို ဆုပ်ကိုင်လိုက်လေသဖြင့် သူ အချိန်မှီ ဖမ်းကိုင်ကာ လှည့်အော်လိုက်ရပါ၏။ ဒီကောင် နှာဘူး အကြီးစား။

"ကိုကိုက ဘယ်သူ့အကြောင်းတွေ စဉ်းစားနေလဲမှမသိတာ"

တိတြေသ က မကျေနပ်စွာ ပြောလျှင် ကိုဝေက မျက်မှောင်လေးတွေကြုတ်လိုက်ပြီး....ခပ်စူးစူးလေးပြန်ကြည့်လိုက်၏။ နှာဘူးအကြီးစားက ဘယ်သူ့ကို လာ သဝန်တိုနေတာလဲ။ သမီးအကြောင်းတွေးနေတာကို။ဟင်....နေဦး။သမီးဆိုမှ ဒီကောင် သမီးနဲ့ နမ်းဖူးတယ်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now