Unicode
"စ လွမ်းတတ်သွားတဲ့နေ့က"
"ဟက်...စောက်ကြီးစောက်ကျယ်တွေ ပြောပြန်ပြီ"
အောင်မောင်းက သူလျှောက်ပြောနေသည်ထင်၍ ဟာသတစ်ခုလို ရယ်သည်။
ဆက်သွင်ဟိန်း သည်ဆေးလိပ် ပြာမှုန့်ကို
ခါပြီး ရေစပ်မှပြန်တတ်လာကာ
သူ့ စက်လှေပေါ်ခုန်တတ်လိုက်၏။" လွမ်းတာတောင် လွမ်းခွင့်မရှိတဲ့ဘဝက ရင်နာဖို့ကောင်းတယ်"
"ဘာလဲ... ရွှေဘုံစံတဲ့ ရွှေမင်းသမီးမလို့လား"
"မဟုတ်ဘူး... သူ့နှလုံးသားကို သူများပိုင်ထားပြီးသားဖြစ်နေလို့!"
"ဟားဟား....ကမ္ဘာကျော်သူဋ္ဌေးကြီး ဖြစ်ချင်တယ်ဆိုတာထက်ဆိုးနေပြီ"
အောင်မောင်းစကားကြောင့် သူရယ်မိသည်။ဖြစ်ချင်တာကမ္ဘာကျော်သူဋ္ဌေးကြီး...
လုပ်တော့ သူခိုးဂျပိုးအလုပ်။
တစ်ခါတလေ အိမ်မက်တွေအကြောင်းပြောပြတိုင်းအောင်မောင်းက ရယ်သည်။
အင်းလေ... နေစရာအိမ်တောင်
မရှိတဲ့ကောင်ကို ရယ်တာ ဘာဆန်းလို့လဲ။"ဟားဟား.....ငါ သူဋ္ဌေးကြီးဖြစ်ရင် မင်းကို
သဘော် တစ်စီးဝယ်ပေးပါ့မယ်ကွာ"သူအရွှန်းဖောက်တော့ အောင်မောင်းက
လက်တကာကာ ခြေတကာကာ...."တော်ပါကွာ...အဖေ့စက်လှေ ခိုးမောင်းတာကမှ အာတေက ရဦးမယ်"
သို့နှင့် သူသည် လှေဦးထက်ကခုံမှာ ဟန်ပါပါပြောင်းထိုင်းရင်း ခပ်ပြုံးပြုံးလေး ဆေးလိပ်ကိုဖွာလိုက်ပြန်စဉ်... အေးစိမ့်စိမ့် လေးထုကိုခံစားမိသဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ လပြည့်နေ့မို့ လဝန်းကဝိုင်းစက်
နေသော်လည်း တိမ်မဲတို့အကြားပြေးလွှား၍ ဝင်ရောက်ပုန်းခိုဖို့ကြိုးစားနေ သဖြင့် မကြာခင်မိုးရွာတော့မည်ကို ပြသနေပါ၏။"အောင်မောင်း မင်းအမေ ဆိုင်မသိမ်းသေးဘူးလား"
"အေ...မကုန်သေးဘူးတဲ့"
"မိုးရွာတော့မယ်ထင်တယ်"
သူ ပြောတော့ အောင်မောင်းကလည်း ကောင်းကင်ကိုကြည့်ပြီး ရေပြင်နဲ့လေအခြေအနေကိုအကဲခတ်ကာ...
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ