Part-22

2.3K 268 41
                                    

Unicode

"ကိုဝေ"

သူ့ဆီလျှောက်လှမ်းလာသူ ၏ နာမည်အား နှုတ်ခမ်းဖျား
လေးတွေလှုပ်ရုံ ရေရွတ်မိကာ...တအုံနွေးနွေးခုန်လာသည့်
ရင်ခုန်သံကို သူသေချာနားထောင်ဖြစ်သည်။

မျက်ခုံးထင်းထင်း နှာတံစင်းလျက်အနဲငယ်ချွန်ကာ
နှုတ်ခမ်းလုံးလုံးလေးတွေရှိသော ကိုဝေသည်
ယောကျ်ားလေး တစ်ဦးဖြစ်ပါသည်။ အကျႌ လက်တွေကို
ပင့်တင်လျက် stylepant ဝတ်ထားသောထိုလူသည်
မိန်ကလေးနှင့်တူသည့်အချက် ဘယ်နားလေးမှာမှ
မရှိသလို... ယောကျာ်း ဆန်စွာပင် ရင့်ကျက်သူ
ဖြစ်လျက် ခန့်ချောကြီးလည်းဖြစ်နေသေးသည်။

"တိတြေသ ဟိုကလေးက ဘယ်သွားတာလဲ"

ဆက်သွင်ဟိန်းထွက်သွားတာကို မြင်လိုက်သဖြင့် ကိုဝေက
သူ့ အနားရောက်လာကာ မေးဟန်တူပါသည်။ တိတြေသ
သည် ခြံဝသို့ခပ်လေးလေးသာ လှည့်ကြည့်ပြီး
ကိုဝေ့အား သေချာစွာပင်ပြန်လည် ကြည့်နေမိပါသည်။
မျက်တောင်တိုစိတ်စိတ်တို့နှင့် မျက်ဝန်အိမ် ရှည်သော
ကိုဝေသည် ကြည်လင်သောအသားအရည်ကို
ပိုင်ဆိုင်ထားလျက် ပါးလေး တွေဟာ ဖိညစ်ပြီး
အနမ်းပေးလိုက်ရင်ဖြင့် အရာထင်သွားမှာတောင်
စိုးရပါသည်။

"တိတြေသ"

ကိုဝေသည် သူမေးတာလည်းမဖြေ မျက်တောင်ခတ်ဖို့
ပင်မေ့နေ သော တိတြေသရှေ့ လက်လေးယမ်းပြပြီး
သတိပေးကာ ခေါ်လိုက်ပါသည်။ ထိုအခါမှ တိတြေသ
သည် မျက်တောင်လေးတွေတဖျတ်ဖျတ်ပြန်ခတ်လာ
လျက် မျက်နှာရှေ့က ကိုဝေ့လက်ကို ဖမ်းဆုပ်ကိုင်ကာ
သူနှင့်နီးအောင် တစ်ချက်ဆောင့်ဆွဲလိုက်ပါသည်။
ထို့နောက်ကိုဝေ့မျက်ဝန်းအိမ်လေးထဲ စိုက်ကြည့်ရင်း
နှလုံးသား၏ စေညွှန်ရာအဖြေကိုရှာဖွေမိသည်။
ကျွန်တော်ပေးဆပ်ချင်နေပြီ ကိုဝေ။

ကိုဝေသည် မျက်လုံးအဝိုင်းသားလေးဖြင့် တိတြေသအား
ယောင်နနလေးကြည့်နေမိပြီး ဆူငေါက်ဖို့ပင်မေ့လေ၏။
နက်နဲသော ညို့ဓာတ်၏ဆွဲငင်မူသည် သူ့အားရုံ
အားလုံးကို ဖမ်းစားထားသကဲ့သို့ဖြစ်နေ လေသည်။

ချစ်ရင်ပေးဆပ်ချင်တော့တာပဲတဲ့....ကျွန်တော်
သိပ်တုံးတာပဲကိုဝေ... ကလေးတစ်ယောက်လောက်တောင်
ရင်ဘတ်ကတောင့်တနေတဲ့အဖြေကိုလွယ်လွယ်ထုတ်
မပေးနိုင်ခဲ့ဘူး။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now