Part-19

1.8K 257 62
                                    

Unicode

ရှင်းသည် အိမ်ရှေ့မှာ ငုတ်တုတ်လေးထိုင်ချပြီး ဘယ်သွားလို့
သွားရမည်မသိဖြစ်နေသည်။ သူမထွက်သွားပြန်ရင်လည်း
ဒယ်ဒီနဲ့မတွေ့ပဲလွဲသွားမှာစိုးရသည်။ ထိုစဉ် ကားတစ်စီး
အိမ်ဘက်လမ်းထဲချိုးလာတာမြင်လိုက်ရသဖြင့်
သူမ သေချာအောင် ကြည့်လိုက်ပြီး ချက်ချင်းပင် အိမ်ရှေ့က
အပင်တစ်ခုဖြင့် အမြန်ပုန်းကွယ်နေလိုက်ပြီးနောက် ...
အကွယ်မှတစ်ဆင့် ထိုကားအား ချောင်းကြည့်နေလိုက်
ပါသည်။

ထိုကားသည် သူမတို့အိမ်ရှေ့တွင်ရပ်သွားပြီ ကားပေါ်မှ
ချိုက်ဖော်ဝေးဆင်းလာကာ...ခြံထဲကို စေ့စေ့စပ်စပ်
စစ်ဆေးပြီးနောက်....စိတ်တိုစွာတောက်ခေါက်ပြီး
တစ်စုံတစ်ယောက်အား ဖုန်းဆက်လျက်ဘယ်သူမှ
မရှိကြောင်းပြောနေလေသည်။ ကြည့်ရတာ ရှင်းအိမ်ပြန်
ရောက်နေသလား သိချင်၍လာရှာနေပုံပင်။

ရှင်းသည် ကိုယ်လုံးသေးသေးလေးဖြစ်လျက်
သွယ်သွယ်လျလျလေးမို့ အပင်ကွယ်လေးမှာ
လုံခြုံနေ၏။ ချိုက်ဖော်ဝေး မထွက်သွားမချင်း
ထိုအကွယ်လေးမှာ ကျုံ့ကျုံ့လေး ပုန်းနေခဲ့ပြီး
ချိုက်ဖော်ဝေး ပြန်ထွက်သွာတော့မှ အသက်ရှူချောင်သွား
ကာ ထိုအကွယ်လေးမှ ထွက်၍ လမ်းမဘက်သို့
လျှောက်လာခဲ့ပြီး Bus ကား မှတ်တိုင်တွင်
ကားအလာကို ခေတ္တရပ်စောင့်နေလိုက်သည်။

တစ်ချိန်လုံး စိတ်မအေး နှိုင်ပဲပြေးလွှားနေရသဖြင့်
ခေါင်းက ဒဏ်ရာ ကောင်းကောင်းမကျက်သေးတာကိုပင်
မေ့နေမိသည်။ မွေးလာတဲ့နေ့ကတည်းကနေ အတူရှိပါလျက်
မိခင်ရင်ငွေ့နှင့် နိီးနီးကပ်ကပ်နေခွင့်မရသော သူမသည်
ဒယ်ဒီကို အရမ်းခင်တွယ်လျက် ချစ်သည်။ ကျောင်းသွား
ကျောင်းပြန် လိုက်ပို့လိုက်ကြိုလုပ်ပေး ပြီး ရှင်းကို
ဖခင်မေတ္တာတွေအပြည့်ပေးခဲ့သော ဒယ်ဒီကို
ငယ်ရွယ်စဉ်ကတော့ ဘုမသိဘမသိ ပင်
အမျိုးမျိုး ဆိုသွမ်းပြခဲ့သည်။

ပြီးခဲ့သော အကြောင်းအရာတွေခေါင်းထဲတွေးနေမိစဉ်
Busတစ်စီးထိုးရပ်လာသဖြင့် သူမ တတ်ခဲ့လိုက်သည်။
အခုလောလောဆယ် တော့ တီလေးတို့အိမ်ခဏ
သွားနေမှဖြစ်မည်။ ဦးလေးချိုက်ဖော်ဝေး တစ်ယောက်တည်း
လာရှာပုံထောက်ရင်တော့ ဒယ်ဒီက ဦးလေးဖော်ဝေးနဲ့
တူတူရှိနေတာမဟုတ်ဘူးထင်သည်။ ဒါဆိုတီလေးပဲ
ဒယ်ဒီဘယ်သူနဲ့လိုက်သွားတယ်ဆိုတာကို သိမှာ
ဖြစ်သည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now