Part-17

2K 263 55
                                    

Unicode

"အစာကြေဆေးလောက်နဲ့မရဘူးကိုဝေ...
ကျွန်တော် ကားမောင်းဖို့တောင်အဆင်မပြေတော့ဘူး။
ကျွန်တော့်ကိုလိုက်ပို့ပါ "

ဆန်းကမ္ဘာဝေ သည် တိတြေသအား မျက်လုံးလေး
လှန်ကြည့်ပြီး မျက်ခုံးစပ်လေးကို လက်ညိုးလေးနဲ့
အသာအယာခြစ်မိ၏။ဒီကောင်လေးအကြောင်း
သူမသိတာ သိပ်မရှိပေ။ ရှင်းကလည်း အမြဲလိုလို
ကို' ဆိုတာပါးစပ်ဖျားကမချ....တခါတလေသားအဖ
နှစ်ယောက် ပြောစရာမရှိရင် တိတြေသအကြောင်း
ထိုင်ပြောနေတတ်ကြသည်။

တစ်ခါက ရှင်းစားချင်တဲ့မုန့်တွေလိုက်စားပေးပြီး
နောက်နေ့ တတြေသ ဆေးရုံတတ်လိုက်ရတဲ့အကြောင်း
ရှင်းပြန်ပြောပြချိန်မှာ သူ တိတြေသအား
ဇီဇာကြောင်ပြီးအပိုလုပ်သည့်ကောင်လို့ မှတ်ချက်
ပေးခဲ့သေးသည်။နောက်ပိုင်း နှစ်ခါ သုံးခါလောက်
ဆေးရုံတတ်ရတာမြင်တော့မှ တမင်သက်သက်
အပိုလုပ်နေတာမဟုတ်မှန်း သိရသည်။ဒီတော့မှ
ရှင်းကလည်း 'ကို့ကို အိမ်ထမင်း အိမ်ဟင်း
သန့်သန့်လေးချက်ကျွေးရရင်ကောင်းမှာလို့'
ပြောပြီး မီးဖိုချောင်ထဲဝင်မွှေနေလို့ သူ့ခမျာ
မနေနိုင်ပဲ သန့်ပေ့ဆိုသည့်ဆီကိုသုံး ပြီး
ထမင်းဟင်းတွေဝင် ချက်ပေးရသေးသည်။
ယခုလည်း လိမ်နေတာဟုတ်ဟန်မတူ။
ဒီလိုနေရာမျိုးမှာ 'မမက စားနော်'ဆိုပြီး ထည့်ထည့်ပေး
နေသမျှ အားနာပြီးစားပေးတဲ့ ငတိလေး။

"အင်..သွား..သွား...လိုက်ပို့ပေးမယ် "

ဆိုတော့ ပြုံးသွားတဲ့ လူလေး။ ကျွန်တော့်ထက်
7နှစ်လောက်ပဲ ငယ်တယ်ဆိုပေမယ့် အထောက်အပံတွေ
အပြည့်အစုံနဲ့ကြီးပြင်းခဲ့ရတဲ့သူမို့ ကလေးတော့
နဲနဲဆန်ချင်သလို ။ အရပ်ကလည်း သူနဲ့မတိမ်းမယိမ်း
ရှိကာ တခါတလေ အတူတူများယှဉ်ရပ်မိရင်
သူကတောင်မသိမသာ မော့ကြည့်နေရသေးတာ။

"ကိုဝေ... ကိုဝေ့အိမ်ဖောက်တဲ့ကိစ္စတိုင်ချက်ဖွင့်ဦး
မှာလား"

သူကားမောင်းနေတော့ ဘေးကငြိမ်ငြိမ်လေးထိုင်လိုက်ရင်း
တိတြေသက မေးသည်။ ဒီကောင့်နာမည်သုံးလုံးတည်း
ရှိတာတောင် သူ ဘယ်နားကနေဖြတ်တောက်ပြီး
ခေါ်ရမည်မသိ။တော်တော်ဂဂျိုးဂဂျောင်ကျတဲ့
နာမည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now