Part-42

1.8K 247 40
                                    

Unicode

ကျွန်တော် မေသချာပါဘူး။ ကိုက်ို ကျွန်တော့်လက်ကို ဆွဲပြီး ရဲရဲကြီး လျှောက်မလားဆိုတာ......။

တွေးတောစရာတွေရှိနေသည်မို့ Company ၏ အပေါ်ဆုံးသို့တတ်ခဲ့ပြီး ရံဖန်ရံခါ မှသာ သောက်လေ့ရှိသော ဆေးလိပ်ကို မီးညှိကာ ဖွာလိုက်ပါ၏။

"အကိုလေး....သမီးရှင်းက ထူး.. ထူးဆန်းနေတယ်။ တစ်ယောက်တည်း ရယ်လိုက်ငိုလိုက်လုပ်နေပါတယ်"

မနက်က သူဖန်ကွဲစတွေသိမ်းပြီး သွားပစ်တော့ အိမ်အကူအဒေါ်ကြီးက ကြောက်ကြောက်လန့်လန့်ပုံစံဖြင့် တိုးတိုးတိတ်တိတ် သတိပေးခဲ့ပါသည်။ သို့ဖြင့် မသင်္ကာ၍
ရှင်းကို သူသေချာသတိထားကြည့်လိုက်လျှင် ကိုက်ို့ကို ကြည့်တဲ့အကြည့်တွေနဲ့ သူ့ကိုကြည့်တဲ့အကြည့်တွေ ကွာခြားနေကာ လေသံတွေကအစအေးစက်လို့နေတာကို တွေ့ရှိခဲ့ရပါသည်။

"အဟွတ်..အဟွတ်"

မသောက်တာကြာပြီမို့ ဆေးလိပ်ငွေ့ကဝင်ပေါက်မှားချင် သလိုဖြစ်သွားရသည်။
သ်ို့သော် သူ အရှုံးမပေးပဲ နောက်တစ်ကြိမ်ထပ်ဖွာတော့ အခိုးအငွေ့ကို ကောင်းကောင်း မှုတ်ထုတ် ပစ်လိုက်နိုင်ခဲ့၏။ ဒီလို
ခံစားချက်တွေက ဂျပန်မှာ ကျောင်းသွားတတ်စဉ်က ဖေဖေ၊မေမေတို့အလာကို မျှော်နေခဲ့တဲ့ နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်လေးတစ်ယောက်နဲ့သွားတူသည်။

ပိုက်ဆံတွေမလိုချင်ဘူးလို့ အကုန်ပစ်လောပြခဲ့တာကို လှည့်တောင်မကြည့်ပဲ ထွက်သွားခဲ့ကြတာမို့....မေတ္တာမပေးနိုင်ရင် ဘာလို့မွေးထားခဲ့ကြသေးတာလဲလို့ ပေါက်ကွဲကာ အော်ငိုခဲ့ရင်း.... တိုက်ပေါ်က ခုန်ချဖို့အထိ
သူကြိုးစားခဲ့ဖူးသည်။

ဒါပေမယ့်.... သေသွားခဲ့ရင်.... အရှုံးပေးရာကျမှာစိုးလို့ အဲ့ဒီနေ့ကစပြီး... ဖေဖေတို့မေမေတို့ဆီက ဘာမှမမျှော်လင့်တော့ပဲ....သူတို့အတွက်ပေါလွန်းနေတဲ့ပိုက်ဆံတွေကို
ထိုင်ဖြုန်းဖြစ်ခဲ့သည်။ ကုမ္မဏီခွဲတွေလည်း ဖွင့်စေခဲ့ပြီး ဘာမှမလုပ်ပဲ ထိုင်ကြည့်နေခဲ့တာဖြစ်သည်။ ဒီလိုအချိန်Bar တစ်ခုမှာ ထိုင်သောက်နေတုန်း.... ရှင်းမြဝေနဲ့ တွေ့ဖြစ်ခဲ့တာဖြစ်သည်။ အစကေတာ့ ခဏတဖြုတ်
အတူတူသောက်ရုံ ဆိုပေမယ့်.... မာမီ့ကိုမုန်းတယ်၊ ဒယ်ဒီ့ကိုမုန်းတယ်ဆိုပြီး အော်ငိုနေတဲ့ ကောင်မလေးကြောင့်... ဒီကမ္ဘာပေါ်မှာ မိဘတွေကြောင့် နာကျင်နေတာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိရှိခဲ့ရပါ၏။ တစ်ရက်သူမလည်း...
မခံစားနိုင်တော့တဲ့ တစ်နေ့ရောက်လာခဲ့ရင်...
သူ့လိုပဲသက်သေဖို့ ကြိုးစားမှာကို သူစိုးရိမ်သွားခဲ့ကာ ရှင်း.... ကို သူနဲ့တွဲမလားလို့မေးခဲ့မိပါသည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now