Part-30

1.8K 239 23
                                    

Unicode

"အဲ့တာ ဂျူးကလေး စောင့်ရှောက်ပေးရမယ့် သခင်လေးပဲ"

ဘိုဘိုကြီး ညွှန်ပြသည့်နေရာသို့ လှမ်းကြည့်လိုက်စဉ် ရွှေဝါရောင်ဆံနွယ်ဖျော့ဖျော့လေး လေမှာဝေ့လို့ ခွေးကလေးတစ်ကောင်ကိုပွေ့ပိုက်ထားတဲ့ ကလေးငယ်
တစ်ယောက်ကို သူတွေ့လိုက်ရပါ၏။ ကျွန်တော့်သခင်လေးတဲ့လား။ဖယောင်းရုပ်တုလေးနဲ့တူလိုက်တာ။ နှာတံစင်းစင်းနဲ့
သေသပ်တဲ့နှုတ်ခမ်းလေး....။

ဟော ကျွန်တော့် ဘက်လှည့်ကြည့်နေပြီ။ မဟူရာမျက်ဝန်းညိုလေးတွေနဲ့......လွလိုက်တာ။

ဟင်!!

မသွားရဘူးလေ...သခင်လေး။အဲ့ဘက်မှာ ချောက်ရှိတယ်။ပြုတ်ကျလိမ့်မယ်။
မသွားပါနဲ့။

"သခင်လေး....."

ရှပ်....ရှပ်...

ဘာသံလဲ... ကျွန်တော့်အနောက်ကလား။

"မလာနဲ့...ရှေ့တို့မလာနဲ့နော်၊ မကြောက်နဲ့သခင်လေး ကျွန်တော် သခင်လေးကို ကာကွယ်ပေးမှာ!"

ရှပ်......ရှပ်

တစ်လှမ်ချင်းတိုးလာတဲ့ခြေလှမ်းသံ။ သွေးတွေတံခါးအောက် ကနေ...စီးဝင်လာတယ်။ အခုဘယ်ရောက်နေတာလဲ။

"သခင်လေး"

"မင်း တိတ်တိတ်နေစမ်း!"

သခင်လေးအမိန့်ပေးနေတယ်။ တိတ်တိတ်လေးနေရမယ်။

ရှပ်...ရှပ်

ခြေသံတွေ ဝေးသွားပြီ။

"သခင်လေး ကျွန်တော်..."

"အား.....ကယ်ကြပါဦး... ကယ်ကြပါဦး "

"ဟင်!"

ဝိုးတဝါးနဲ့ မသဲကွဲသော အိမ်မက်ကြီးမှ သူဟာ အော်သံနက်ကြီး တစ်ခုကြောင့် လန့်နိုးလာခဲ့ပါ၏။

"လွှတ်... လွှတ်စမ်း!"

"အစ်မ"

အတူတူအိပ်ပျော်နေသော ရှင်း က သူ့ရှေ့မှာ မရှိတော့သလို နားထဲဝင်လာသော ကြောက်လန့်နေသည့် ရှင်းအသံကြောင့်
သူ ခပ်မြန်မြန်ပင် အိမ်အပြင်သို့ ပြေးထွက်လိုက်ပါ၏။

"ဦးလေး ဖော်ဝေး!"

တုန်လှုပ်နေသော အစ်မ၏ ပုံစံကိုကြည့်ပြီး ဂျူးယသည် အစ်မလက်အား ဖမ်းဆွဲထားသော လူကြီး၏ လက်ဆီကို
အကြည့်ရောက်ကာ လက်သီတွေခပ်တင်းတင်းဆုပ်လို့ မျက်လုံးတွေဟာ
ခက်ထန်သည့်ဘက်သို့ပြောင်းလဲလာ
လေသည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now