Unicode
"ဒီဒီ"
ရှင်းသည် ဒယ်ဒီတို့မောင်နှမကိုကြည့်ပြီး ထပ်ငိုချင်လာ
ပြန်သဖြင့် မျက်နှာလေးလွှဲလိုက်စဉ် မတည်မငြိမ်ဖြင့်
ထိတ်လန့် သည့်ပုံစံဖြစ်နေသော ဒီရေချင်းကို မြင်သွားပြီး
ဘေးနားသို့သွားကာ...ပုခုံးကိုကိုင်၍ ခေါ်လိုက်လေသည်။
ထိုအခါဒီရေချင်းသည် ပဲ့တင်သံတွေကြားမှ ပုတ်နိုးခံရ
သူလို့ ဆတ်ခနဲတုန်သွားပြီး ...."ဟမ်?!ဗျာ"
သူအသိဝင်ကာ လန့်ပြီးထူးတော့ ရှင်းကလည်း
ယောင်ယောင်နနလေးဖြင့်..."ဘာဖြစ်နေတာလဲ"
"ဘာ..ဘာမှမဖြစ်ဘူး.. မမရှင်းမေမေက.... မနေ့က
ဦးဝေကို လာရှာတုန်းကတောင် အကောင်းကြီးရှိသေးလို့..
အဲ့တာ... ""မမအိမ်လာသေးတာလား"
ကလေး၏ ဖြေရှင်းချက်ကို ဖြတ်၍ ဆန်းကမ္ဘာဝေ က
အစ်မဖြစ်သူအား သေချာစေရန်ဆက်မေးလိုက်သည်။"အင်...နင့် ကို လာရှာတာတဲ့"
ဆန်းကမ္ဘာဝေ သည် မျက်ရည်ထွက်ထပ်ဝဲလာသဖြင့်
မျက်တောင်တဖျတ်ဖျတ်ခတ်လို့ မျက်နှာလေးဟိုလှည့်
ဒီလှည့်ဖြင့် ...မွန်းကျပ်နေတာတွေပေါက်ကွဲထွက်မလာ
စေဖို့ထိန်းချုပ်နေလေသည်။ဆန်းသစ်မွှေးသည် မောင်လေးဖြစ်သူကို နှစ်သိမ့်ပေး
ရင်းပင် သားဖြစ်သူကို အကဲခတ်ကာကြည့်နေ၏။
တုန်လှုပ်နေသည့်ပုံစံလေးကမပျောက်ပျက်သွားသေးပဲ
ဆက်ရှိနေသေးသည်မို့ ....အိမ်ပြန်ရင် အမှန်မဖြေမချင်း
မေးမှကိုဖြစ်လိမ့်မည်။ရှင်းသည် ပင့်သက်တစ်ချက်ရှိုက်လျက် ...မာမီ့အခန်းသို့
သွားကာ ပိုင်ရှင်မဲ့ ကုတင်လေးပေါ်ထိုင်၍ ... အိပ်ယာပေါ်
ဖွဖွလေး လက်ချောင်းများဖြင့် ထိလိုက်သည်။"ရှင်းတို့ ကစားပွဲပြီးသွားပြီလား မာမီ။ ရှင်း ထပ်ကစား
ချင်သေးတယ်မာမီရဲ့.... ထွက်သွားလို့ဘယ်ဖြစ်မလဲ
မာမီ....သမီးတစ်ယောက် တည်း ကစားရင်
ပျင်းစရာကောင်းနေမှာပေါ့"တစ်ယောက်တည်း ပြောနေရင်း အိပ်ယာပေါ် ဖြေဖြေလေး
လှဲချလိုက်ကာ အိပ်ယာဘေးကစားပေါ်ပွဲရှိ
ရှားရှားပါးပါး မိသားစုသုံးယောက်ဓာတ်ပုံလေးကို
ရင်ဝယ်ပိုက်လို့ လေတဖြူးဖြူး ကြောင့် လွင့်ခါနေသည့်
ပြတင်းပေါက်ကလိုက်ကာစကို အဓိပ္ပာယ် မဲ့စွာ
ကြည့်နေမိသည်။ အရှုံးပေးသွာတာလား မာမီ။
ဒယ်ဒီ့အချစ်တွေကိုသမီးဆီကမလုချင်တော့ဘူးလား။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Historia CortaDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ