Unicode
"ဘယ်လိုလဲ ငါ့သမီးနဲ့လမ်းခွဲလိုက်ပြီလား"
ဆန်းကမ္ဘာဝေက အမြင်ကပ်၍ ရွဲ့မေးလေသည်။
ဒါကို တိတြေသက မသိပါပဲ အဟုတ်မှတ်၍ လည်ဂုတ်ကိုပွတ်လျက် ဖြေရခက်နေ၏။ ခက်စမ်းပါစေ ဘယ့်နှယ်သူများအိမ်ရှေ့ လာပြီးတော့ သူများသမီးကို နမ်းစရာလား။
ဖခင်ဖြစ်သည်မို့ ကိုယ့်သမီးလှလှလေးကို တွန့်တိုမိပါသည်။ ရည်စားတွေ ထည်လဲ တွဲနေခဲ့သည့်တိုင် မျက်စိရှေ့မှာမြင်ရတော့ ဘယ်လိုမှစိတ်မထိန်းနိုင်ပေ။ 'သိသာသိစေ.... မမြင်စေနဲ့'ဟူသောစကားပုံလည်း ရှိခဲ့သည်မဟုတ်လား။ 'သမီးတစ်ကောင် နွားတစ်ထောင်တဲ့ '...
အမလေး ထိန်းသိမ်းရခက်လိုက်လေခြင်း ဟုသာ ရင်ဘတ်စည်တီး ငိုခြင်းသာချလိုက်ချင်တော့သည်။"မ..မခွဲရသေးဘူး အန်ကယ်"
"အေးပါ မင်းသဘောပဲငါကတော့ သတိပေးသင့်တာ
ပေးပြီးပြီး....ကျန်တာ မင်းဟာမင်းဆုံးဖြတ်ပေါ့"ပြောပြီး သူသည် တိတြေသအား မျက်ခုံးလေးပင့်ပြလိုက်
၏။ထိုအခါ တိတြေသက တစ်စုံတစ်ခုအားတွေဝေစွာ
ယောင်လည်လည်ဖြစ်နေသည်။ စိတ်ရှုပ်စရာတွေကို
သူ့ခေါင်းကသိပ်လက်မခံပေ။ရှင်းမြဝေကို သူ အရမ်းကြီး
နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့သည်မှမဟုတ်ပဲ။သို့ပေမယ့်
မချစ်ဘူးဆိုတော့လည်းမဟုတ်ပြန် သံယောဇဉ်တော့
ရှိနေပါသေးသည်။"မင်း မပြန်သေးဘူးလား ငါ အထဲဝင်မလို့ မင်းကား
ပိတ်နေတယ်"သူတွေးနေသည်ကို ပြောသင့်မပြောသင့် စဉ်းစားနေရင်း
တိတြေသက ဦးဆန်းကမ္ဘာဝေ ပြောမှပင် ခြံရှေ့တွင်ကား
ပိတ်ရပ်ထား မိသည်ကိုသတိရပြီး...."ဟုတ်...ဟုတ်ကဲ့....ကျွန်တော်ရွှေ့ပေးပါ့မယ်"
ထို့နောက် သူသည် ကားတံခါးအားဆွဲဖွင့်၍
ပြန်ရန်လုပ်ပြီးမှ လည်ဂုတ်လေးအားတပွတ်ပွတ်ဖြင့်ပင်
ဆန်းကမ္ဘာဝေဘက်ပြန်လှည့်လာကာ..."ဟို အန်ကယ်....စိတ်မရှိပါနဲ့နော် ကျွန်တော် ရှင်းကို
လေ့လာချင်တယ်...အချိန်ယူချင်တယ်"ဆိုတော့ သူက တိတြေသကို ထောက်ခံပါသည်။ဒါပေါ့
လေ့လာရမှာပေါ့။အချိန်လည်းအများကြီးဆွဲသင့််တယ်။
ရင်ထဲအပျော်များ ပြန်စီးဆင်းလာသော သူဟာ
နဲနဲလေးတတ်တတ်ကြွကြွဖြစ်လာသည်။သို့သော်
အပျော်တို့အားမဖော်ပြ.... လူကြီးဆန်ဆန်ပင် ရုပ်ကို
အတင်းအဓ္ဓမတည်ထားရသည်။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ