Part-37

1.8K 225 34
                                    

Unicode

"ဟက် .... အလုပ်အကြောင်းပြပြီး ကောင်မလေးနဲ့ ချိန်းဖို့စီစဉ်ထားကိုများ"

"ဗျာ.... ကျွန်တော်ကဘယ်ကောင်မလေးနဲ့ချိန်းရမှာလဲ"

ကိုဝေ့ဆီက ထင်မထားသည့် စကားထွက်ကျလာသည်မို့ တိတြေသ မျက်လုံးလေးပြူးကာ ပြန်မေးမိသည်။

"အဲ့တာတော့ မင်းပဲ သိမှာပေါ့... မင်း ကောင်မလေးပဲ"

ဟန်ဆောင်ကာ တည်ထားသော်လည်း ဆန်းကမ္ဘာဝေ မျက်နှာက သိသိသာသာပင် ပျက်ယွင်းနေကာ မကျေနပ်ကြောင်း အထင်းသားပေါ်လွင်နေ၏။ တိတြေသ သည် ကိုဝေ ဘာကိုဆိုလိုနေသည်မှန်း
သဘောမပါက်သေးကာ လည်ဂုတ်လေးကိုပွတ်ရင်း စဉ်းစားကြည့်သည်။မျက်နှာချင်းဆိုင် စကားပြောဖြစ်သည်ဆိုလို့ ... တစ်နေကုန်လုံး ဒီ တစ်ချိန်သာရှိသည် မဟုတ်လား။

"ဘယ်ကကောင်မလေးလဲ ကိုကိုရာ... ဘယ်ကောင်မလေးမှ မရှိဘူး"

ထိုအခါ ကိုဝေက နှုတ်ခမ်းလေးမဲ့ချပစ်လိုက်ပြီး....

"မနေ့ကတော့ သေတော့မလိုလိုပုံစံနဲ့ပြောပြီးတော့ ဒီနေ့ကျတော့ တခြားတစ်ယောက်နဲ့ Partyတူတူ တတ်ဖို့တောင် ချိန်းပြီးနေပြီ... ငါ့ကို လွယ်တယ် ထင်နေတာလား... မင်းသိဖို့က ...ငါကလည်း မင်းလိုနှစ်ဘက်ချွန်ကောင်ကို စာရင်းထဲတောင် မထည့်ဘူး ရှင်းလား "

တိတြေသ သည် စိတ်တွေကြီးကာ ပြောနေသည့် ကိုကို့ကြောင့် ထိုင်ခုံမှာပင် ဆက်ထိုင်မနေနိုင်တော့ပဲ ထရပ်မိလျက်...

"ကိုကို... "

"ဟောဒီမှာ အလုပ်ထွက်စာ ၊ ငါ အလုပ်ထွက်မယ်၊ မင်းဆီမှာမလုပ်ဘူး ၊ ငါ့အိမ်ငါပြန်နေမယ်"

မိမိရှေ့ပစ်ချပေးလာသော နှုတ်ထွက်စာကို သူ မှင်သက်စွာ ကြည့်နေမိရင်း လှည့်ထွက်သွားသော ဆန်းကမ္ဘာဝေ လက်ကို အချိန်မှီ လှမ်းဆွဲလိုက်ပါ၏။

"လွှတ်စမ်းပါ...မကိုင်နဲ့... မင်းကနှစ်ဘက်ချွန်"

"ဘယ်နားကချွန်တာလဲ...တစ်ဖက်ပဲချွန်တာ။
လာပါဦး... ပြောချင်ရာပြော ထင်ချင်ရာထင်ပြီး ထွက်မသွားနဲ့.... ပြောပြတာနားထောင်ဦး"

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now