Part-24

1.7K 248 50
                                    

Unicode

"ရှင်း.. ဒယ်ဒီအပြင်သွားမှာနော်... ဗိုက်ဆာရင် စားပွဲပေါ်မှာအကုန်ပြင်ထားတယ်... နှစ်ယောက်သား ရန်ဖြစ်မနေနဲ့နော် "

ဖုန်းပြောပြီးနောက် အပေါ်ထပ်မှ အလောတကြီး ဆင်းလာပြီး ကိုဝေက ကလေးတွေကို မှာ ၏။

"ဟုတ် ဒယ်ဒီ တာ့တာ့"

"တာ့တာ့ "

"သြော်... ဒယ်ဒီ! "

"ဟင်! "

"Fly kiss"

ရှင်းက လက်ဖဝါးလေးကိုနှုတ်ခမ်းမှာကပ်ပြီး လေနဲ့မှုတ် လိုက်လျှင် ဆန်းကမ္ဘာဝေသည်လည်း ပြန်လည်၍ Fly kissလေး ပေးလိုက်ပြီး ခြံပြင်၌ စောင့်နေသော ကားပေါ်တတ်ထိုင်လိုက်ပါသည်။

"ဟာ အာစရိ suitတွေနဲ့လန်းနေပါလား"

ကိုဝေသည် ချီးကျူးမူကို မျက်ခုံးပင့်က
ပိုရန်ကောဟုလုပ်ပြလေသည်။ကားဒရိုင်ဘာသည် က ကိုဝေနှင့် ရင်းနှီးသူဟုဆိုရလေမည်။ Hotel လုပ်ငန်းတစ်ခုလုံးကို
ဦးစီးလုပ်ကိုင်ဖူး သည့် ဆန်းကမ္ဘာဝေ  က
ရန်ကုန်မြို့၏ Hotelပိုင်ရှင်တွေအကြား
ရေပန်းစားလှသည်။ hotelသေးသေးလေးကနေ ချက်ချင်းလက်ငင်းကြီး အဆင့်မြင့်ထိပ်တန်းhotelအဖြစ် ပြောင်းလဲပစ်နိုင် သည့် ကိုဝေ့အရည်အချင်းက
နဲနဲနောနော မဟုတ်ပါပေ။

.....................

"အား....ပျင်းလိုက်တာ"

ရှင်းသည် လက်အညောင်းဆန့်ပြီး TV ကြည့်ချင်စိတ်လည်း မရှိသဖြင့် ဘာလုပ်ရမလဲမျက်စိရှာလေသည်။ ထိုအခါ
ဂျူးယသော်၏ ဘေးတိုက်အနေအထားလေးကို သတိထားမိလျက် ဦးနှောက်ထဲ ဖယောင်တိုင်ထွန်းလင်း လာလေသဖြင့် လူယုတ်မာကဲ့သို့ ပြုံးလိုက်၏။ထို့နောက်
သူမအခန်းထဲသို့ဝင်ကာ အလှပြင်ပစ္စည်းတွေ
ယူချလာပြီး... ဂျူးယသော်မျက်နှာကို သူမဘက် ဆွဲလှည့်ကာ....

"ငါ့မောင်လေး... ငါ့မှာအိမ်မက်တစ်ခုရှိတယ်သိလား"

ဂျူးယက သူမလက်ကို ဆွဲဖယ်ရင်းအလို
မကျစွာ မျက်ခုံးတွေကတွန့်ချိုးလို့နေသည်။ သို့တိုင်ရှင်းသည် လည်း အလွတ်မပေးပဲ
ပါးအိအိလေးကို ညစ်ထားရင်း...

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now