Unicode
"တော်စမ်း ဘာ သခင်လေးလဲ!....နင်တို့သခင်လေးလို့
ခေါ်ရမှာ ငါ့သားလွေမိုးအောင်တစ်ယောက်ပဲ အဲ့တာ
မြဲမြဲမှတ်ထား"ဒေါ်ရွှေအိမ်စည် တင်မာသောမျက်နှာထားနှင့်
အော်လိုက်လျှင် သူမ နောက်၌ ရပ်နေသော
လူနှစ်ယောက်မှာ.... မခံချင်သော်လည်း
ဥက္ကဋ္ဌ ကြီးကတော်မို့ငြိမ်နေရသည်။
ဥက္ကဋ္ဌကြီီးဆိုသော်ငြားလည်း သူတို့ဥက္ကဋ္ဌသည်
စောသခင်ကုမ္မဏီကို ယာယီတာဝန်ယူထားရသူသာ
ဖြစ်သည်။သခင်လေးသာ အသက်ပြည့်ရင်
မဖြစ်မနေပြန်လွဲပြောင်းပေးရမှာဖြစ်၏။"မှတ်ထားပါ့မယ် သခင်မကြီး။ အခုတော့ ဒီလောက်နဲ့
ရပ်သင့်ပြီထင်ပါတယ်။သူတို့ပါထပ်သေသွားရင်
မဧကရီသေဆုံးမူက ပေါ်ဖို့လွယ်သွားမှာပါ"ခေါင်းလေးငုံ့ ရိုသေလေးစားစွာပြောတော့မှ
ဒေါရွှေအိမ်စည်သည် ခြံဝန်းထဲသို့ တစ်ချက်လှမ်း
ကြည့်ပြီး...."ကောင်းပြီ...ခေါ်လာလိုက်တော့။ ဧကရီအမူ
မပိတ်ပေးရင်... နှစ်ယောက်လုံးသတ်ပစ်မှာလို့
သေချာပြောခဲ့"ထို့နောက် သူမသည် ကားနောက်ခန်းတွင် လက်ကိုပိုက်၍
ခြေချိတ်ထိုင်ကာ သူတို့ ဝင်လာမည်က်ို စောင့်နေလိုက်ပါ
သည်။"အာ!!!"
မင်းစောရာပြည့်သည် ဆန်းကမ္ဘာဝေ ၏ လက်အား
ကြိတ်ကာ ဖိနင်းထားသဖြင့် ဆန်းကမ္ဘာဝေသည်
အသည်းခိုက်အောင်နာကျင်နေကာ ရှင်း ကိုပြေးထူး
ချင်သည့်စိတ်ဖြင့် ထချင်သော်လည်း မထနိုင်သည့်
ကိုယ့်ကိုယ့်ကိုယ် မုန်းကာ ဝမ်းနည်းဒေါသဖြင့်
မျက်ရည်ကျချင်သလို ဖြစ်လာသည်ကြောင့်
ရှိသမျှအားဖြင့် ခေါင်းထောင်၍ ရာပြည့်ခြေထောက်အား
သွားဖြင့် မလွှတ်တမ်း ဖိကိုက်လိုက်တော့သည်။ရာပြည့်သည် ခြေထောက်၌သွေးများထွက်လာသည့်တိုင်
မျက်နှာတစ်ချက်တွန့်မသွားပဲ... သူ့အသားကိုက်နေခြင်း
မဟုတ်သလိုဖြင့် ကုန်း၍ ဆန်းကမ္ဘာဝေကို ဂုတ်ကနေ
ဆွဲမလိုက်သည်။ ထိုအခါ ဆန်းကမ္ဘာဝေ ၏ လည်ကတုံး
အကျႌသည် လည်ပင်းတွင်တစ်၍ ညစ်ထားသလို
ဖြစ်နေကာ သူမျက်နှာတစ်ခုလုံးနီရဲတတ်လာပြီး
မရုန်းကန်နိုင်ဖြစ်လာတော့သည်။ သေရတော့မှာလား။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ