Part-15

2.1K 254 48
                                    

Unicode

"ဒီစာအုပ်က ဘယ်လောက်လဲ"

ဆက်သွင်ဟိန်းသည် အောင်မြင်ရေးနည်းလမ်းများဆိုင်ရာ
စာအုပ်တစ်အုပ်ကိုကိုင်၍မေးလိုက်ပါ၏။ လူဆိုးသူခိုး
လုပ်နေရသော်လည်းသူသည် အိမ်မက်များရှိလျက်
အောင်မြင်ကျော်ကြားချင်သည့်လူငယ်တစ်ဦးဖြစ်သည်။
မည်သည့်ပစ္စည်းကိုမဆို သူခိုးချင်ခိုးမည်။လုချင်လုမည်။
သို့သော် စာအုပ်တွေကိုတော့တန်ဖိုးထားတတ်ကာ
ငွေပေးချေ၍ဝယ်ဖြစ်သည်။ အများကြီးမတတ်နိုင်ရင်တောင်
လမ်းဘေး ဖျာချခင်းပြီးရောင်းသည့်လူတွေဆီက
ဝယ်ယူကာ သွားလေသမျှ ကျောပိုးအိတ်ထဲ
ထည့်ထားတတ်သည်။ သူအဖတ်များသောစာအုပ်များသည်
Businessဆိုင်ရာ စာအုပ်များဖြစ်လျက် ဆုံးမစကားများ
ပါသောစာအုပ်ကိုတော့သူမဖတ်ပါချေ။ အဘယ်ကြောင့်
ဆိုသော် အလွယ်လမ်းဟူသောလမ်းစဉ်ကိုလိုက်သူများ
ထဲတွင်သူပါဝင်၍ဖြစ်သည်။ ဒီဘဝဒီမျှအတွက်တော့
ရသလောက်ခိုးပါဦးမည်။

"1500ပါ ညီလေး"

ဂျူးယသော်သည် ဆက်သွင်ဟိန်း တစ်ယောက်
ဈေးသည်အားပိုက်ဆံပေးလိုက်သည်ကိုမြင်၍
နားမလည် သလိုမျက်မှောင်ကြုတ် သည်။
ထို့နောက် အပြန်လမ်းတစ်လျှောက် စာအုပ်ဆိုင် ကို
လှည့်ကြည့််လှည့်ကြည့်ဖြင့် စိတ်ထဲဘဝင်မကျနိုင်
ဖြစ်နေရသည်။

"ဂျူးယ မြန်ုမြန်လာလေကွာ... "

ရှေ့ရောက်သွားသော ဆက်သွင်ဟိန်းသည် ဂျူးယသော်
ခြေလှမ်း နှေးနေသဖြင့် လှည့်အော်၏။နေ့ဘက်တွေ
အပြင်ထွက်ရ အဆင်ပြေအောင် သူ ဂျူးယကို
ညဘက် ခေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဂျူးယသော်သည်
တည်ခိုးခန်းအပြင်သို့စထွက်စဉ်က ကြောက်သလိုလို
ရှိသော်လည်း နောက်ပိုင်းတွင် သူ့အပိုင်နယ်မြေလိုလို
သူကကြီး ဦးဆောင်ပြေးနေ၍ လိုက်ဖမ်းနေရတော့သည်။

"မင်းဘာလို့ပိုက်ဆံပေးတာလဲ"

"ဟမ်း...ဘာက်ို...စာအုပ်ဝယ်တာလေပေးရမှာပေါ့"

စာအုပ်ကိုမေးမှန်းသိ၍ဖြေလိုက်ပါ၏။တစ်ချိန်လုံး
ပိုက်ဆံမပေးပဲ အလစ်သုတ်နေသည်ကို ဂျူးယက
သတိထားမိသွားဟန်တူပါသည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now