Part-23

1.7K 236 33
                                    

Unicode

"ဖြစ်နိုင်ပါ့မလား သဘောၤတစ်စီးလုံးမြုပ်တာဆိုတော့ ဒီကလေး က ဘယ်လိုလုပ်ပြီ အသက်ရှင်နိုင်မှာလဲ ...."

"အင် အဲ့တာလဲ... ဟုတ်တယ်....."

အဖြေရှာမရ၍ စဉ်းစားရကြပ်စွာ ကိုဝေသည် Ph screenကိုပင်အပေါ်ဆွဲတင်လိုက် အောက်ဆွဲချလိုက် လုပ်နေပါ၏။ တိတြေသသည် ကိုဝေအား ကြည့်နေရင်း အိပ်မည့်ပုံမပေါ်သဖြင့် ကိုဝေ့လက်ထဲကဖုန်းကို ယူလိုက်
ပါသည်။ ထိုအခါကိုဝေက 'ဘာလဲ'ဟူသည့်သဘောဖြင့် မော့ကြည့်လာပါ၏။

"မအိပ်ချင်ဘူးလား "

"ဟင်း!အင်... ကလေးနိုးလာရင်
မသိမှာစိုးလို့ "

ဆိုတော့ တစ်ချိန်ကတွဲခဲ့ဖူးသူရည်းစားဟောင်းရဲ့အခန်းကို တစ်ချက်လှမ်းမျှော်ကြည့်ပြီး သူ မနာလိုဖြစ်သွားရသည်။
ရင်ထဲ စိုးရိမ်မူတို့ရှိနေသော်လည်း အထင်းသားမပေါ် လွင်အောင် ထိန်းကာ... တည်ငြိမ်နေသော ကိုဝေ့ပုံစံက
တကယ့်ရင်ကျက်သော လူတစ်ဦးလိုရှိ၏။

"ဟင်?"

"ဖုန်းပြန်ပေးလေ..."

"သြော်"

လက်ဖြန့်ပြီးတောင်းနေသော ကိုဝေ့လက်ထဲ ယောင်နနလေးဖြင့် ပြန်ထည့်ပေးပြီး .... ဘာမှမလုပ်ပဲနဲ့တောင် အခုန်မြန် နေသော ရင်ဘတ်ကြီးသည် ကိုဝေ့အနားက မခွာချင်အောင်
ပင် ဖြစ်လို့နေသည်။ တစ်ဆက်တည်းမှာပင် ရှင်းနှင့် မတွေ့ပဲ ကိုဝေနဲ့အရင်တွေ့ခဲ့ရမှာဟု ရူးကြောင်ကြောင် လေးပင် တွေးမိသွားပါ၏။

"မင်း အခန်းမင်းသွားအိပ်လေ "

"ဗျာ....ကျွန်တော် လူရှိရင် မအိပ်တတ်လို့"

ပုံကျကျနှုတ်ခမ်းလေးတွေပြုံးယောင်သမ်းနေသော တိတြေသသည် ကိုဝေ့ အပြောကြောင့် ဆိုဖာရှည်တွင် လှဲဝင်အိပ်ဖို့ရန်ပြင်ရာမှ ခေတ္တရပ်သွားပြီး... တွေသွားကာ
..အဖြေမြန်မြန်ပေး၍ ပက်လက်လှဲအိပ်လိုက်ပါသည်။

"ဟမ်း? ... လူရှိရင်မအိပ်တတ်ဘူး...
ဟုတ်လား"

ထိုအခါ ကိုဝေက တအံ့တသြလေးပြန်မေးပါ၏။ဘေးနား လူရှိနေမှ အိပ်ပျော်တတ်သူတွေကိုသာ သူမြင်ဖူးသည်။ တခါတရံ အိပ်
မပျော်တဲ့ညမျိုးဆို သူသည်လည်း
တစ်ယောက်ယောက်ကိုယ့် အနားမွာ ရှိနေပေးစေချင် သည်။ ဖြတ်သန်းခဲ့ရတဲ့ နေ့တွေဟာ ပျော်ရွှင်ရသည်ထက် ပူပင်သောကရောက်ရတဲ့နေတွေ့သာ များသည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now