Unicode
"ရှင်းလေ"
အန်တီကြီး သည် ထူးဆန်းသည့်ရှင်းအမူအယာကြောင့် မရဲတရဲပင် ခေါ်လိုက်ပါ၏။ ထိုအခါ ရှင်းသည် သူမ ခေါ်သံကြောင့် ပြုံးနေရာမှချက်ချင်းတည်သွားပြီး နဖူးကြောလေးတွေစုကြုံ့သွားလေသည်။ ဒါကို
သတိထားမိပါသော အန်တီကြီးက လန့်နေကာ ခြေတစ်လှမ်းနောက်ဆုတ်သွား
မိပြီး...."အကိုလေးတို့ကို သွားခေါ်ပေးမယ်လေနော်"
ဟု ပြောလိုက်ပါလျှင် ရှင်း က အေးစက်စိမ်းသက်သော လေသံဖြင့် ခပ်ပြတ်ပြတ်ပြောလာပါ၏။
"မခေါ်နဲ့.... "
"ဟို... ရှင်းလေး စောင့်နေရတာကြာ"
ခွမ်း!!!!
စကားပင်မဆုံးလိုက် ရှင်းသည် စာပွဲပေါ်ကသောက်ရေခွက်ကို ဆတ်ခနဲကောက်ကိုင်ပြီး အန်တီကြီး ၏ ရှေ့ကြမ်းပြင်သို့ ပြစ်ပေါက်လိုက်ပါ၏။
"မခေါ်နဲ့လို့ ပြောနေတယ်လေ"
ဒေါသထွက်နေသည်။ ဝမ်းနည်းနေသည်။နားကျင်နေသည်။ လက်မခံချင်ဖြစ်နေသည်။ အစအစရှိသော ခံစားချက်ပေါင်း
များစွာရောပြွတ်လို့ ရှင်းသည် လက်သီးဆုပ်လေးပင်တဆတ်ဆတ်တုန်လျက် ကြောက်မက်ဖွယ် မျက်ခမ်းစပ်တွေ
နီရဲလို့လာပါ၏။"တောင်းပန်ပါတယ်... သမီးလေး"
"မခေါ်နဲ့.... မခေါ်နဲ့... အဟား ... မခေါ်နဲ့... မခေါ်နဲ့။ မခေါ်ပါနဲ့....အဟင့်....မခေါ်ပါနဲ့....မခေါ်ကြပါနဲ့"
ငိုလိုက် ရယ်လိုက်...တစ်ဖန်ငိုလိုက်ဖြစ်နေသော ကောင်မလေး သည် တစ်ခါတရံချက်ချင်းလိုပင် ငြိမ်သက်သွားတတ်သည်။ ဟိုး...ငယ်စဉ်အစကတည်းက အဆုံးထိ
ရှုပ်ထွေးနေသော မြင်ကွင်းတွေဟာ ဘယ်လောက်ပဲ ဖျောက်ဖျက်ဖို့ကြိုးစား ကြိုးစား အားရုံထဲမှာ စွဲကျန်ရစ်လျက် အကြိမ်ကြိမ်ပင်ပေါ်ထွက်လို့လာနေသည်။
မုန်းလွန်း၍ ဓါးတစ်ချောင်းကိုင်ပြီး တဆတ်ဆတ်ထိုးပစ်ချင်တယ် ဆိုရင်တောင် ချစ်ရသော မာမီဖြစ်နေခဲ့သည်မို့
လမ်းတစ်ဝက်မှာတင် အရုပ်ကြိုးပြတ်ထိုင်ချမိခဲ့ရသည့် နေတွေရှိခဲ့ဖူးသည်။
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Kort verhaalDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ