Part-21

2K 252 19
                                    

Unicode

"ဒီမှာအစ်မကြီး... ဘယ်ကိုသွားနေတာလဲ ။
လျှောက်လိမ့်မနေနဲ့...ကျွန်တော်တို့ ကားအကြာကြီးစီး
လို့မရဘူး "

လူခြေတိတ်သည့်နေအိမ်တွေထဲရောက်လာသည်မို့
ဆက်သွင်ဟိန်းက ရှင်းကို မယုံစွာပင်မာန်မဲလိုက်ပါ၏။
ထို့အတူ ဂျူးယက တနေကုန်လူများတဲ့နေရာတွေမှာကြီး
သွားလာနေရသဖြင့် ခေါင်းပင်မဖော်ရဲလောက်အောင်
ဖြစ်နေလေပြီ။ သူ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ်ပင်
ဖက်ထားရင်း အသက်ရှူနှုန်းတွေမြန်ကာ တစ်စုံတစ်ခုကို
ထိန်းချုပ်နေပုံက လွှတ်ထွက်သွားလျှင် ကြောက်ဖွယ်
အမူအရာသို့ပြောင်းလဲသွားတော့မည်ဟန်ရှိသည်။

"ငါကပိုဆိုးတယ်... မူးလဲတော့မယ်သိရဲ့လား။
နင့်ကို...ကျေကိုမကျေနပ်ဘူး...ဒယ်ဒီနဲ့
တိုင်မှာ !"

အရှေ့ခန်းမှာထိုင်နေသည့်ရှင်းက မျက်နှာလေးဆူပုတ်
လျက် ပြောပြီး ဆက်သွင်ဟိန်းကို မျက်စောင်းထိုးကာ
အရှေ့ပြန်လှည့်လိုက်သည်။ မာမီ ဆုံးသွားလို့စိတ်
မကောင်းဖြစ်ရမယ်မကြံသေးဘူး
ဆေးရုံကတတ်ရ...အကျင့်မကောင်းတဲ့အမျိုးတွေ
လက်ထဲကနေ လွှတ်အောင်ပြေးလာရနှင့် သူမဘဝက
အခုမှ လောကကြီးရဲ့သားကောင်တစ်ဦးနှယ်...
မုဆိုး၏ အမဲလိုက်ခြင်းကိုထွက်ပြေးနေရသလို
ဖြစ်နေသည်။ဒါတောင် ဒယ်ဒီ့ကိုအခုထိမတွေ့ရသေး။
ရင်တွေပူလှသည်။ မာမီ့ကိုဆုံးရှုံးလိုက်ရသော်လည်း
အရမ်းကြီးမခံစားရသလို...ဒယ်ဒီရှိတော့ ခံသာသေးသည်။
သို့ပေမယ့် ဒယ်ဒီသာမရှိတော့ရင်ဖြင့် သူမ ဘယ်လို
ရှင်သန်နေထိုင်ရပါမည်လဲ ။

"ဂျူးယ... စိတ်လျှော့ထားနော်....အိပ်ရင်အိပ်လိုက်လေ
ကြားလား။ ငါရှိတာမလို့ စိတ်ချလက်ချအိပ်နော်"

ဂျူးယသော်၏ ကျောပြင်ကို ညှင်ညှင်သာသာ
ပွတ်သပ်ပေးရင်း ဆက်သွင်ဟိန်း ထိန်းနေရပါ၏။
ဂျူးယလက်တွေကသူ့လက်တွေကိုကုပ်ထားတာ
အသားထဲထိုးဖောက်ဝင်ရောက်တော့မည့်အတိုင်းပင်။
သို့ပေမယ့် သူမရုန်းပဲ ကြိတ်ခံနေလိုက်ပါ၏။ ဒီကောင်လေး
လူတောထဲတိုးနိုင်ဖို့သူကြိုးစားပေးရဦးမည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now